Civil Rights Movement

Civil Rights Movement

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသား ရိုဟင်ဂျာ ၂၄၁၅ ယောက်ကို မြန်မာပြန်လည်ခေါ်ယူမည်

မြန်မာနိုင်ငံသားတွေလို့ဘင်္ဂလားဒေ့ရှ်ကသတ်မှတ်ထားတဲ့လူပေါင်းသုံးသိန်းကနေ ၂၄၁၅ယောက်ကိုပြန်လည်ခေါ်ယူမယ်လို့ မြန်မာအစိုးရကသောကြာနေ့က ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့လူနည်းစုရိုဟင်ဂျာမွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း၅သောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးလာခဲ့ပြီး နှစ်နိုင်ငံကြားအခြေအနေတင်းမာမှုမြင့်တက်လာခဲ့ပါတယ်။
ရိုဟင်ဂျာတွေဟာဘင်္ဂလားဒေ့ရှ်ကနေတရားမ၀င်ဝင်ရောက်လာသူတွေလို့ မြန်မာအစိုးရကဆယ်စုနှစ်ချီပြောကြားခဲ့ပြီး နိုင်ငံသားအဖြစ်ငြင်းပယ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ရိုဟင်ဂျာတွေကိုမြန်မာနိုင်ငံသားတွေလို့ပြောကြားခဲ့ပြီး နိုင်ငံထဲထွက်ပြေးဝင်ရောက်လာသူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ခြင်းမရှိပါဘူး။
“ကျွန်တော်တို့ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံသား ၂၄၁၅ယောက်ပဲရှိတယ်” မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက အထွေထွေဒါရိုက်တာ ကျော်ဇေယျက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့နိုင်ငံသားအရေအတွက်ပေါ်မှာ အမြဲတမ်းရပ်တည်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အယောက်၃သိန်းလို့သတ်မှတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်မစဉ်းစားတတ်ဘူး”လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
“၂၀၁၇ခုနှစ်မှာ မြန်မာအစိုးရက ၂၄၁၅ယောက်ကိုပြန်လည်ခေါ်ယူဖို့စီစဉ်ထားတယ်”လို့ သူကဆိုပါတယ်။ အစောပိုင်းတုန်းကလည်း ဒါးကမြို့က မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရကဆင့်ခေါ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကမြန်မာနိုင်ငံသားတွေရဲ့ အခြေအနေတွေကိုအသိပေးပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့စစ်ဆင်ရေးအတွင်း ဒေသခံတွေကိုစော်ကားဖိနှိပ်မှုတွေပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ပြောဆိုချက်တွေကို မြန်မာအစိုးရကငြင်းဆန်ထားပြီး သတင်းတွေဟာလုပ်ကြံဖန်တီးထားတယ်လို့ပယ်ချပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကအကြမ်းဖက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေပြီး နိုင်ငံတကာကဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို ပြသနာရဲ့အခြေခံအကြောင်းရင်းကို အမြန်ဆုံးရှာဖွေဖို့ တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံနဲ့ဒုက္ခသည်အရေးရဲ့ဖြစ်နိုင်ဖွယ်ရှိတဲ့ အစီအစဉ်တွေကိုဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။
နောက်ထပ်တင်းမာမှုမြင့်တက်စေတဲ့အကြောင်းကတော့ ဒီတပတ်ထဲမှာ မြန်မာရေတပ်ဟာ ဘင်္ဂလားပင်လယ်အော်က ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေကိုပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။
Source : Reuters
ဘာသာပြန် : ညောင်နီရွက်

Credit – Myanmar Muslim Media

Leave a Reply

Your email address will not be published. Required fields are marked *