ရခိုင်ပြည်နယ် အတွင်းသို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်မည့် သင်္ဘောမြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာပါက ယင်းသင်္ဘောပါ လူအားလုံးကို သတ်ဖြတ်ပစ်သင့်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကပြောကြားကြောင်း Tomorrow ဂျာနယ်က ဖေါ်ပြလိုက်သည်။
“ကျွန်တော့အမြင်ကို ပြောရမယ်ဆိုရင် အစိုးရအနေနဲ့ လုပ်စရာက ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲ ရေပြင်ကို ဒီလိုဝင်လာမယ်ဆိုရင် ကျွန်တော့အနေနဲ့ဆိုရင် ၀င်လာတဲ့သူ အားလုံးကို ပစ်သတ်လိုက်မှာပါ”ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောကြောင်း အထက်ပါ သတင်းရင်းမြစ်က ဖေါ်ပြသည်။
ပြည်သူ့လွတ်တော်၏ ထုတ်ပြန်ချက်များတွင် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှာ ဒေါ်ခင်စောဝေဖြစ်ကြောင်းဖေါ်ပြထားသော်လည်း Tomorrow ဂျာနယ်ကမှု ဦးဦးသန်းနိုင်ဆိုသူသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
မလေးရှားနိုင်ငံ အစ္စလမ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ- Malaysian Consultative Council of Islamic Organizations (MCCIO)
ရခိုင်ပြည်နယ်ကို စေလွတ်မည့် အရေးပေါ်ထောက်ပံ့ရေး သင်္ဘောအုပ်စု မြန်မာပြည်ဝင်ခွင့်ရရန် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးထံ ဒီဇင်ဘာ ၃၀ ရက်နေ့က လျှောက်ထားပြီးဖြစ်ကြောင်း အဖွဲ့အတွင်းရေးမှူးချုပ် ဇေနိုလ်က ပြောကြားထားသည်။
ထောက်ပံ့ရေးသဘောင်္တွင် သင်္ဘောတွေနဲ့အတူ မလေးရှား ဝန်ကြီးဟောင်းများ၊ ဆေးဝန်ထမ်းများ၊ လေ့လာသူများနှင့် မီဒီယာအဖွဲ့များ လိုက်ပါလာမည်ဖြစ်သည်။

ဟိန်းအောင်

Source : Myanmar Muslim Media