ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စွပ်စွဲပြောကြားချက် အားလုံးကို မြန်မာအစိုးရက ငြင်း ပယ်နေခြင်းမဟုတ်ဘဲ တိကျခိုင် မာသည့် အထောက်အထားများ လိုချင်ကြောင်းနှင့် အထောက်အ ထားခိုင်လုံပါက ပြေလည်အောင် ဖြေရှင်းမည်ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။

နယ်စည်းမခြား ဆရာဝန် များအဖွဲ့ (MSF) ၏ ထုတ်ပြန်ချက် ကို ကိုးကား၍ The Guardian သတင်းဌာနက ဒီဇင်ဘာ ၁၄ ရက်တွင် ရခိုင်ပြည်နယ်၌ တစ်လအ တွင်း ဘင်္ဂါလီ (မူရင်း၌ရိုဟင်ဂျာ ဟုသုံးနှုန်း) မွတ်စလင် ၆,၇၀၀ကျော် သတ်ဖြတ်ခံရကြောင်း ဖော်ပြမှုအပေါ် နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ယင်းသို့ တုံ့ ပြန်ပြောကြားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့၊ ရခိုင်ကိစ္စနဲ့ ပတ် သက်လို့ ပြောချင်တယ်၊ ဆိုချင် တယ်၊ ကောက်ချက်ချချင်တယ် ဆိုရင် သက်သေအထောက်အ ထား ခိုင်ခိုင်လုံလုံယူခဲ့ပါ။ အဲဒါကို ကျွန်တော်တို့ ရအောင်ရှင်းမယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဒုက္ခသည်များကို မေးမြန်းဖော်ပြ သည့် ဇာတ်လမ်းများ၊ စစ်တမ်း များသည် မျှတမှုမရှိဘဲ တစ်ဖက် သတ်ကောက်ယူသော စစ်တမ်း များသာဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ဒုက္ခသည်များကိုလည်း မေးမြန်း ရန်လိုအပ်ကြောင်း ၎င်းကဆက် ပြောသည်။

ထို့အပြင် စွပ်စွဲပြောကြား  ချက်များနှင့် ပတ်သက်၍ လက်ရှိ အချိန်ထိ မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းကမျှ တိကျခိုင်မာ သည့် အထောက်အထားကို မပေးနိုင်ကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

‘‘အဲဒီတော့ ကျွန်တော်တို့ ပြောချင်တာက ၆,၇၀၀ တွေ့ တယ်။ ဟုတ်လား ၆,၇၀၀ ဖြစ်နိုင် လား။ ဖြစ်နိုင်တယ်ဆိုရင် ဟုတ် ပြီ။ ကျွန်တော်တို့ကို Talking Story တွေမပြောနဲ့။ အထောက် အထားပြော။ ဘယ်နေရာ၊ ဘယ် ရွာက ဘယ်နှယောက်၊ ဘယ်အ ချိန်၊ ဘယ်သူက အဲဒီဟာတွေက အခုဘယ်မှာရောက်နေတယ်။ ဆို လိုတာက အလောင်းတွေ ၆,၇၀၀ ရှိတယ်။ အလောင်း ၆,၇၀၀ ဘယ်လိုဖျောက်ပစ်မလဲ။ ဘယ်လိုမှ ဖျောက်ပစ်လို့မရဘူး’’ ဟု ၎င်းက ဆိုသည်။

နယ်စည်းမခြား ဆရာဝန် များအဖွဲ့ (MSF) စစ်တမ်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အ သက်(၅)နှစ်အောက် ကလေးငယ် အနည်းဆုံး ၇၃၀ ဦး အပါအဝင် ဘင်္ဂါလီမွတ်စလင် ၆,၇၀၀ ကျော် ပထမဆုံးတစ်လအတွင်း သတ်ဖြတ်ခံရကြောင်း ဖော်ပြ သည်။

အဆိုပါသတ်ဖြတ်ခံရသည့် အရေအတွက်၏ ၆၉ ရာခိုင်နှုန်း ကို သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး ကျန်သူများကို မီးရှို့ခြင်း၊ မသေမချင်း ရိုက်နှက်ခြင်းတို့ ပြုလုပ်ကြောင်း စစ်တမ်းကဆိုသည်။

သို့ရာတွင် သမ္မတရုံးပြော ခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးက ‘‘တပ် မတော်ကလည်း ပြောထားပြီး သား။ ခိုင်ခိုင်လုံလုံပြော။ သူတို့ အရေးယူမယ် ပြောထားပြီးသား။ ကျွန်တော်တို့က တပ်ကိုလည်း ကာပြီးပြောနေတာ မဟုတ်ဘူး’’ ဟု တုံ့ပြန်ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ တပ်မတော်ကနယ် မြေတည်ငြိမ်အေးချမ်းမှုနှင့် ထိန်း သိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေမဲ့ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရ သည်ဟု တပ်မတော်က နိုဝင်ဘာ ၁၃ ရက်၌ သတင်းထုတ်ပြန်ထား သည်။

Source : http://www.7daydaily.com