Civil Rights Movement

Civil Rights Movement

လူ့အခွင့်အရေးချိုးဖောက်မှု ဖုံးကွယ်ဖို့ မြန်မာအစိုးရကြိုးပမ်းနေတယ်လို့ HRW ဝေဖန်

မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ ဖုံးကွယ်ဖာထေးဖို့ ကြိုးပမ်းနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဇန်နဝါရီလ (၅) ရက်နေ့ ဒီကနေ့ ဝေဖန် လိုက်ပါတယ်။ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာမှာ… လူနည်းစုမွတ်ဆလင်တွေကို လူမျိုးတုံး သတ်ဖြတ်တာမရှိဘူးလို့ ရေးသားဖော်ပြထားတာကို ထောက်ပြီး အခုလိုဝေဖန်လိုက်တာပါ။ HRW လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ဒုတိယညွန်ကြားရေးမှူး Phil Robertson က… အရင်စစ်အစိုးရ လက်ထက် ဒု-ဗိုလ်ချုပ်ကြီးတဦးဖြစ်တဲ့ ဒုသမ္မတဦးမြင့်ဆွေကို ပွဲထုတ်ထားတဲ့ ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်ဟာ မိမိတို့ စိုးရိမ်ထားသလို တဖြည်းဖြည်းနဲ့ အစိုးရရဲ့ ဖုံးဖိဖာထေးရေး လုပ်ငန်းစဉ်ကြီးလို ဖြစ်လာ နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဗလီအရေအတွက် အများအပြား ရှိနေတာကြောင့် ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှု မရှိဘူးလို့ ကောက်ချက်ချတာဟာ အံ့သြစရာဖြစ်ကြောင်း၊ လူ့အခွင့်အရေး ပြဿနာတွေကို အလေးအနက် စုံစမ်းတာထက် ပြည်ပ စွပ်စွဲမှုတွေကို မှားယွင်းကြောင်းတုံ့ပြန် နိုင်ဖို့ ဆောင်ရွက်ချက်သာ ဖြစ်နေကြောင်းလည်း Phil Robertson က ပြောဆိုထားပါတယ်။ Fortify Rights အဖွဲ့ တည်ထောင်သူ Matthew Smith ကလည်း… ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာဟာ လူ့အခွင့်အရေး လေ့လာစုံစမ်းသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာသူတွေရဲ့ ပြောကြားချက်တွေနဲ့ လုံးဝ ကွဲပြားနေ ကြောင်း၊ စစ်တပ်က ကျုးလွန်တဲ့ပြစ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဝန်ကြီးဌာနတွေက ဖုံးကွယ်ဖို့နဲ့ ငြင်းပယ်ဖို့ ဝါဒဖြန့်ရေး ကြိုးပမ်းချက်သာဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။

Suorce : RFA

Leave a Reply

Your email address will not be published. Required fields are marked *