မလေးရှားနိုင်ငံ အစ္စလ မ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ- Malaysian Consultative Council of Islamic Organizations (MCCIO)
အတွင်းရေးမှူးချုပ် Zainol ဇေနိုလ် က ရခိုင်ပြည်နယ်ကို စေလွတ်မယ့် အရေးပေါ်ထောက်ပံ့ရေးသင်္ဘောအုပ်စုကို မြန်မာပြည်ဝင်ခွင့်ပြုဖို့အတွက်
ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမယ့် သံရုံးက အခုအချိန်ထိ ပြန်ကြားခြင်း မရှိကြောင်း မနေ့က ပြောပါတယ်။
အဲဒီထောက်ပံ့ရေး သင်္ဘောတွေပေါ်မှာ မွတ်စလင်တွေအတွက် ဆန်တန်ချိန် တထောင်ခန့် အပြင်ဆေးဝါးနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ တင်ဆောင်ထားတယ်လို့ ဆိုပါတယ်။
သင်္ဘောတွေနဲ့အတူ မလေးရှားဝန်ကြီးဟောင်းတွေ၊ ဆေးဝန်ထမ်းတွေ၊ လေ့လာသူတွေနဲ့မီဒီယာအဖွဲ့တွေ လိုက်ပါလာမယ်လို့လည်း ပြောပါတယ်။ မြန်မာအစိုးရကတော့ အခုလိုထောက်ပံ့ရေးသင်္ဘောတွေ ဝင်ခွင့်ပြုဖို့ မလေးရှားတွေက တစုံတရာ တောင်းခံထားခြင်းမရှိဖူးလို့ ငြင်းဆိုထားပါတယ်။
Source – RFA Burmese