Month: September 2017

UN Security Council finally losing patience with Myanmar

United Nations (CNN)In the past four weeks over half a million Rohingya Muslims have been forced to flee Myanmar to escape an orchestrated campaign of violence described by the UN as “ethnic cleansing.” But it wasn’t until Thursday that the UN Security Council held its first public meeting on the situation in more than eight years. UN Secretary-General Antonio Guterres told the council that the current outbreak of violence has “spiraled into the world’s fastest-developing refugee emergency, a humanitarian and human rights nightmare.” “We’ve received bone-chilling accounts from those who fled, mainly women, children and the elderly,” he said....

Read More

The UN Toughens its Myanmar Stance—Five Years into the Rakhine Crisis

At the UN Security Council yesterday, both the UN Secretary-General and a number of UNSC members called for tough pressure on the Myanmar government, as the crisis in Rakhine State—and the exodus of refugees into Bangladesh—continues with little let up. U.S. Permanent Representative to the United Nations Nikki Haley called for all countries to stop providing weapons to the Myanmar military, according to reports in Reuters. She said, “Any country that is currently providing weapons to the Burmese military should suspend these activities until sufficient accountability measures are in place” to ensure that the ethnic cleansing stops and commanders...

Read More

လုံခြုံရေးကောင်စီ ရခိုင်အရေးဆွေးနွေး

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စက်တင်ဘာ လ ၂၈ ရက်၊ ကြာသပတေးနေ့က တံခါးဖွင့်အစည်းအဝေးတခုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးအတွင်း အတွင်းရေးမှူးချုပ်က ကောင်စီကို အစီရင်ခံတင်ပြသလို လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကလဲ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ချက်တွေနဲ့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုတာတွေကို အသီးသီးပြောသွားကြပါတယ်။ ဒီပြောဆိုချက်တချို့ကို ကောက်နုတ်စုစည်းပြီး ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။ မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးအဖွင့်မှာ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က အရင်ဆုံး အစီရင်ခံတင်ပြတဲ့ထဲ သြဂုတ်လ ၂၅ ရက်နေ့မှာ Arakan Rohingya Salvation Army က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီးကတည်းကဆိုရင် လက်ရှိအခြေအနေဟာ တဖြည်းဖြည်းချင်း ယိုယွင်းလာနေတဲ့အကြောင်းနဲ့ အဲဒီလိုတိုက်ခိုက်တာကို သူ့အနေနဲ့ ပြစ်တင်ရှုတ်ချတယ်ဆိုတာ ထပ်ပြီး ပြောသွားပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ဒုက္ခသည်အရေးပေါ်အခြေအနေ၊ လူသားဘေးဒုက္ခနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွားတဲ့အခြေအနေ တခုအဖြစ် ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးနှုန်းနဲ့ ပြောင်းလဲ ဖြစ်ပေါ်လာတယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။ အဲဒီ နောက် မြန်မာအာဏာပိုင်တွေအနေနဲ့ လုပ်ငန်းစဉ်သုံးခုကို ချက်ခြင်းလက်ငင်းလုပ်ဆောင်ဖို့ သူက တောင်းဆိုသွားပါတယ်။ “မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီခြေလှမ်း၃ ရပ်ကို ချက်ချင်းအရေးယူဆောင်ရွက်ဖို့ ကျနောဆက်လက်တိုက်တွန်းပါတယ်။ ပထမက စစ်ဆင်ရေးတွေကို အဆုံးသတ်ဖို့၊ ဒုတိယအချက်အနေနဲ့ လူသားချင်းစာနာမှု အထောက်အကူတွေကို အဟန့်အတားကင်းရှင်းစွာ ပေးနိုင်ခွင့်ပြုဖို့ ၊ တတိယက ဒုက္ခသည်တွေကို ဘေးကင်းစွာ မိမိတို့သဘောအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ လုံလောက်တဲ့ အချိန်တွေ ပေးပြီးတော့ သူတို့ရဲ့...

Read More

လူမျိုးအမည် မပါဝင်လို့ မှတ်ပုံတင်ဖို့ ဒုက္ခသည်များ ငြင်းဆန်

ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်က စွန့်ခွာထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာခဲ့ကြသူတွေကို တာဝန်ရှိသူတွေက မှတ်ပုံတင်စာရင်းသွင်းရေးလုပ်ငန်း ဆောင်ရွက်တဲ့အခါ လူမျိုးအမည် မပါဝင်တာနဲ့ ပတ်သက်ပြီး ဒုက္ခသည်တချို့က မှတ်ပုံတင်ဖို့ လက်မခံ ငြင်းဆန်ခဲ့ကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးတဲ့အခါ ကဒ်ပြားပေါ်က နိုင်ငံသားအဖြစ် ဖြည့်စွက်ရမည့်နေရာသာပါပြီး လူမျိုးအဖြစ် ဖြည့်စွက်ရမယ့်နေရာ မပါဝင်တဲ့အတွက် မှတ်ပုံတင်ဖို့ ငြင်းဆိုခဲ့ကြတာလို့ သိရပါတယ်။ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၅ သိန်းနီးပါးကို မှတ်ပုံတင်ကိစ္စ ဆောင်ရွက်ပေးနေရာမှာ အခုထိ မှတ်ပုံတင်ပြီးသူ နှစ်သောင်းလေးထောင်လောက် ရှိတယ်လို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကဒ်ပြားရဲ့ လူမျိုးနေရာမှာ မြန်မာနိုင်ငံသားအဖြစ်ဖေါ်ပြဖို့ ဘင်္ဂလာေးဒ့ရှ် အစိုးရ က ဆုံးဖြတ်ထားပေမယ့် ဒုက္ခသည်တချို့က နိုင်ငံသားဆိုတာထက် ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်း စေချင်ကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးကတော့ ဒုက္ခသည်ကဒ်ပြားမှာ လူမျိုးအမည် မထည့်သွင်းတာဟာ နိုင်ငံတကာစံနှုန်းနဲ့အညီဖြစ်အောင် အစိုးရက ဆောင်ရွက်ထားတာဖြစ်ကြောင်းပြောပါတယ်။ Source : RFA...

Read More

ရိုဟင်ဂျာပဋိပက္ခ အမြန်အဖြေရှာရေး ကန်အောက်လွှတ်တော်ကော်မတီဆွေးနွေး

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကအခြေအနေတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ ကြားနာပွဲတခုလုပ်ခဲ့ပါတယ်။ လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ကော်မတီဝင် လွှတ်တော်အမတ်တွေက သုံးသပ်ပြောဆိုကြသလို ကြားနာပွဲမှာ တက်ရောက် တင်ပြသူတွေကလဲ သူတို့သိရှိထားတာတွေကို အစီရင်ခံ တင်ပြကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ၂ နာရီနီးပါးကြာ ကြားနာပွဲတခုလုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ဖြစ်ရပ်တွေကို လွှတ်တော်အမတ်တွေနဲ့ တက်ရောက်အစီရင်ခံသူတွေက အကျယ်တ၀ံ့ ပြောဆို မေးမြန်း တင်ပြခဲ့ကြတာပါ။ ကော်မတီဥက္ကဌ အောက်လွှတ်တော်အမတ် Ed Royce က ပြောသွားတာမှာ – “ရိုဟင်ဂျာမူစလင်တွေနဲ့ တခြား လူနည်းစုတွေကို မြန်မာအစိုးရက အပြင်းအထန် ရက်ရက် စက်စက် ပြုမူနေတာ ခွင့်ပြုထားလို့မဖြစ်နိုင်ပါဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးကို ဦးစားပေးကိစ္စတွေအဖြစ် သတ်မှတ်ရပါမယ်။ အကြမ်းဖက်အခြေအနေတွေကို ရပ်ပစ်ဖို့အတွက် ကျနော်တို့ လုပ်နိုင်သမျှ နည်းလမ်းတွေအကုန်လုံးကို အသုံးပြုသင့်ပါတယ်။” မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင် အမေရိကန်သမ္မတတွေလက်ထက်က ပြဌာန်းသွားတဲ့ ဥပဒေ တွေ၊ အမိန့်ကြေညာစာတွေဟာ မြန်မာနိုင်ငံကပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတာမှာ အသင့်တော်ဆုံးနည်းလမ်း မဟုတ်ခဲ့ဘူးလို့ The Heritage Foundation၊ အာရှရေးရာ လေ့လာမှုဌာနက ညွှန်ကြားရေးမှူး Walter Lohman က ထောက်ပြပြီး အမေရိကန်ကွန်ဂရက် လွှတ်တော်အနေနဲ့ လုပ်ဆောင်သင့်တာတွေကိုတင်ပြတာမှာ နှစ်နိုင်ငံကြား စစ်ဘက်ဆက်ဆံ ရေး ပုံမှန်ပြန်ဖြစ်အောင် နောက်ထပ်မလုပ်ဖို့...

Read More