ICC လွှဲပြောင်းရေး တရုတ်နဲ့ ရုရှား ဗီတိုသုံးရင် R2P ဖြစ်နိုင်ဟု CRM အဖွဲ့ပြောကြား

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ သတ်ဖြတ်မောင်းထုတ်ခံခဲ့ရတဲ့ ပဋိပက္ခကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက အဆင့် ၄ ဆင့်နဲ့ ဆောင်ရွက်နိုင်ကြောင်း၊ တကယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချလို့ ICC လွှဲပြောင်းရေး ပျက်ပြားခဲ့မယ်ဆိုရင် ကုလသမဂ္ဂပြဌာန်းထားတဲ့ ကာကွယ်ရန်တာဝန်ရှိမှု ခေါ် R2P အရ နိုင်ငံစုံတပ်ဖွဲ့တွေ ဝင်ရောက်ဖြေရှင်းရတဲ့အဆင့်ကို ရောက်ရှိသွားနိုင်ကြောင်း အမေရိကန်အခြေစိုက် CRM Civil Rights Movement တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဦးဌေးလွင်ဦး ကပြောပါတယ်။

ဦးဌေးလွင်ဦး ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။


Source by : https://www.rfa.org/burmese/interview/crm-htaylwinoo-interview-09072018013520.html

UEHRD အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၃)

ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လတ်တလော အကျပ်အတည်း အကြီးမားဆုံးဖြစ်နေတဲ့ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ UEHRD လို့ခေါ်တဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ အစိုးရအဖွဲ့ ပူးပေါင်းပြီး ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့ပေးရေးအဖွဲ့က နိုင်ငံတကာဆက်ဆံရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ပြုံးကေသီနိုင်နဲ့ ဗွီအိုအေရဲ့အယ်ဒီတာ ဒေါ်ခင်စိုးဝင်းတို့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ အခုလောလောဆယ်ပေါ့နော်၊ နိုင်ငံတကာအဖွဲ့အစည်းတွေက လာပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာသွားတယ်။ အီးယူ ဥရောပသမဂ္ဂက ကိုယ်စားလှယ်အဖွဲ့ လာသွားတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်လာတယ်။ လာတိုင်းလာတိုင်းမှာ မြန်မာနိုင်ငံထဲကို ဝင်လာ တုန်းကနေပြီးတော့ လိုက်ပြတာတွေ ကြည့်တယ်၊ စခမ်းတွေသွားကြည့်တယ်၊ ဒေါက်တာ ဝင်းမြတ်အေးတို့လည်း ကိုယ်တိုင်ကိုယ်ကျ လိုက်လံပြသတယ်။ ဒါပေမယ့် သူတို့ ပြန်သွားပြီး ဒီနိုင်ငံက ထွက်သွားတာနဲ့တပြိုင်နက် ‘မြန်မာနိုင်ငံကတော့ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး၊ မြန်မာနိုင်ငံ ကတော့ ဒီ လူနည်းစုတစုကို ဖိနှိပ် နှိပ်စက်နေတာပဲ..’ ဆိုတာမျိုးကတော့ အမြဲတမ်းပြန်ပြီးတော့ ကြားနေရတဲ့အခါကျတော့ အင်မတန်မှလည်း ဝမ်းနည်းဖို့ ကောင်းပါတယ်။ အဲဒီတော့ အဲဒါမျိုးတွေကို ဘယ်လိုနည်းနဲ့ တကယ်တမ်းမြေပြင်မှာ ဒီလို မဟုတ်ပါဘူးဆိုတာကို သက်သေပြနိုင်ဖို့အတွက်ကို ဘယ်လိုမျိုး မဟာဗျူဟာတွေချမှတ်ဖို့ ရှိပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ အရင်က ဘယ်လို အခြေအနေမျိုးမှာ ရှိခဲ့တာလဲ။ အဲဒီအချက်ကိုလည်းပဲ သိသာအောင် ပြသနိုင်ဖို့လိုတယ်လို့ ကျမကတော့ အဲလို မြင်ပါတယ်။ အရင်တုန်းက ဒီနေရာမှာရှိခဲ့တဲ့၊ နေထိုင်ခဲ့ရတဲ့အဆင့်အတန်းနဲ့ အခု ကျမတို့ ဆောင်ရွက်ပေးတဲ့ဟာနဲ့။ နိုင်ငံတကာမှာတော့ တကယ်ချမ်းသာ ပြီးတော့ ဝင်ငွေတွေ အများကြီး သုံးစွဲနိုင်တဲ့နိုင်ငံမျိုးက ထားတဲ့ facilities မျိုးနဲ့ ကျမတို့ ဆောင်ရွက်တာနဲ့တော့ ကြားထဲမှာ ကွာဟချက် ရှိနိုင်ပါတယ်။ မရှိဘူးလို့တော့လည်း ကျမ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်၊ ကျမတို့တွေ ကိုယ့်အစွမ်းရှိသလောက်တော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက်ကို ကြိုးစားနေတာကတော့- ရန်ပုံငွေ သုံးစွဲတဲ့အခါမှာ အများဆုံးသုံးစွဲတယ်။ နောက်ပြီးတော့ နိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုရင်လည်းပဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလို့ရှိရင် အငူမော် စစ်တွေလမ်းဆိုလို့ရှိရင် Asia World ကနေပြီးတော့ အကုန်လုံးကို သူ့လူတွေနဲ့သူ လမ်းလာချဲ့ပေးတယ်။ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကျမတို့အားလုံး ဝိုင်းဝန်းပြီး ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီတော့ အဲဒီ တကယ့် အခြေအနေ မှန်တွေကို သိအောင်တော့ ကျမတို့အနေနဲ့ အခုဆိုရင် UEHRD ကနေပြီးတော့ Documentaries တွေ၊ ဇာတ်လမ်းတိုလေးတွေ၊ ဒါမျိုးလေး တွေနဲ့ပဲ ရိုက်နေတာလည်း ရှိပါတယ်။ အဲဒါတွေကိုလည်းပဲ ရိုက်ဖို့လည်းပဲ ထပ်ပြီးတော့ စီစဉ်ဆောင်ရွက်နေတာတွေလည်းပဲ ရှိပါတယ်။ နောက် အရေးပါ တဲ့ နိုင်င့တကာ အဖွဲ့အစည်းတွေပေါ့- ဥပမာ၊ ပြီးခဲ့တဲ့ ဂျနီဗာမှာဆိုလို့ရှိရင် ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်တဲ့ delegation မှာဆိုလို့ရှိရင် ကျမတို့ ကိုယ်တိုင်လည်း ပါသွားပြီးတော့ Human Rights Council မှာ သွားပြီးတော့ Understanding Myanmar ဆိုပြီး မြန်မာကို နားလည်လာဖို့အတွက် တကယ့် အခြေအနေမှန်ကို ရှင်းပြတဲ့ဟာမျိုးပေါ့နော်။ အဲဒါမျိုးကိုလည်း တကယ်အရေးပါတဲ့ နိုင်ငံတကာ institution တွေ၊ နောက် နိုင်ငံတကာမှာ အရေးပါတဲ့ လူပုဂ္ဂိုလ်တွေ၊ နောက် မြန်မာ့အရေးကို စိတ်ဝင်စားကြတဲ့ Academicians တွေကိုပေါ့နော်၊ Universities ၊ ဒါမျိုးတွေကို ကျမတို့ ထွက်ပြီးတော့ အခါအားလျော်စွာ ပြောဆိုရှင်းပြနေတာတွေကိုလည်းပဲ လုပ်နေပါတယ်။

မေး။ ။ အခု ရခိုင်အရေးနဲ့ပတ်သက်ပြီး ပြောလို့ရှိရင် များသောအားဖြင့် သူတို့ စွပ်စွဲနေကြတာတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်အားအဆမတန် သုံးမှု ကြောင့် ဒုက္ခသည်တွေ အလုံးနဲ့အရင်းနဲ့ တဘက်နိုင်ငံကို ထွက်ပြေးကြရတယ်ဆိုပြီးတော့ ဖြစ်နေကြတာ- ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပေါ့နော်-မပြေးသော်လည်း ကံရာရှိပဲ ပြောရမလားတော့ မပြောတတ်ဘူး၊ အဲဒါကြောင့်လည်းပဲ အင်မတန်မှကို အရုပ်ဆိုး အကျည်းတန်အဖြစ်ပေါ့။ အခု ICC တင်မယ်လို့ ပြောလို့ပြော၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဒီကိစ္စကို ဆွေးနွေးတယ် ပြောလိုပြော၊ အဲဒီတော့ တပ်မတော်ရဲ့အခန်းကဏ္ဍ ပေါ့နော်။ သူတို့ရဲ့တုံ့ပြန်မှုတွေကို ဘယ်လို ကြုံတွေ့ရပါသလဲရှင့်။

ဖြေ။ ။ အစိုးရရဲ့ ပြောတာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မည်သည့်အကြမ်းဖက်မှုကို ကျူးလွန်တဲ့ ပုဂ္ဂိုလ်မဆို အဖွဲ့အစည်းကိုမဆို သက်သေ သက္ကာယ ခိုင်လုံရင် အရေးယူမယ်လို့ ပြောပါတယ်။ ..ဆိုတော့ ဒါ ကျမတို့ နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့တာလည်း ဒါကိုပဲဖြစ်တယ်။ ‘ဥပဒေအထက်မှာ မည်သူမှ မရှိစေရ’ ဆိုတာလေ။ တချက်ကတော့ ဘာလဲဆိုတော့ ဒီကိစ္စတွေအားလုံးက ARSA တိုက်ခိုက်မှုရဲ့နောက်ပိုင်းမှာဖြစ်တာဖြစ်ပါတယ်။ သြဂတ်စ်လ ၂၅ ရက်နေ့နောက်ပိုင်းပေါ့နော်၊ အဲဒီတော့ ကျမတို့နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်တယ်ဆိုတဲ့ အတွေ့အကြုံကလည်း ဒါ ပထမဦးဆုံး အကြိမ်ဖြစ်တယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ ကျမတို့ ဆွေးနွေးခဲ့ကြတဲ့အချိန် သြဂတ်စ်လ ၂၄ ရက်နေ့ပေါ့နော်၊ အဲဒီအချိန်မှာ ဆွေးနွေးခဲ့တဲ့ အချိန်တုန်းကဆိုရင် လွှတ်တော်ဘက်က နေပြီးတော့ ဒီအရာတွေကို မေယုတောင်ကြောမှာ စစ်ရေးလေ့ကျင့်တာတွေကိုလည်း တွေ့တယ်။ အကြမ်းဖက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သတင်းတွေရတာ တွေလည်း ရှိတယ်။ …. ဆိုတော့ ဒါကို တပ်မတော်အနေနဲ့လည်း ပါဝင်ပြီးတော့ ဖြေရှင်းရမယ်ဆိုရင် International Humanitarian Law – ဟို ဂျနီဗာ Convention လို ဥပဒေမျိုးကိုလည်း လေးစားလိုက်နာဖို့ လွှတ်တော်က တိုက်တွန်းခဲ့တာ ရှိပါတယ်။ နောက် တကယ်ပဲ ကျူးလွန်ဖောက်ဖျက်ခဲ့တာ ရှိတယ် ဆိုလို့ရှိရင်လည်း တာဝန်ရှိတဲ့သူတွေကို – အခုတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း အရေးယူပါမယ်ဆိုတာမျိုးကို ပြောတာလည်းရှိသလို အင်းဒင်ကိစ္စမျိုးမှာလည်း အရေးယူခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီတော့ တကယ်ပဲကျူးလွန်ခဲ့တာ ဖြစ်တယ်ဆိုရင်တော့ လက်ရှိ အစိုးရအနေနဲ့ သူ တစိုက်မတ်မတ် ပြောခဲ့တဲ့မူကတော့ သက်သေ အထောက်အထား ခိုင်လုံတယ်ဆိုရင် ဒါကို တရားဥပဒေအရ ထိရောက်စွာအရေးယူမယ်ဆိုတာကိုတော့ ပြောခဲ့တာလည်းဖြစ်ပါတယ်။ အခုနောက်ဆုံး ဖွဲ့စည်းဖို့ရှိပါတယ်ဆိုတဲ့ အဖွဲ့အစည်းဆိုလို့ရှိရင် အကြမ်းဖက်မှုနောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံ ရတဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ဖွဲ့စည်းတာပဲဖြစ်တယ်ဆိုတော့ ကျမတို့အနေနဲ့ ဒါတော့ စောင့်ပြီးတော့ကြည့်ဖို့လည်း လိုပါတယ်။

UEHRD လို့ ခေါ်တဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ အစိုးရအဖွဲ့ ပူးပေါင်းပြီး ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့ပေးရေးအဖွဲ့က နိုင်ငံတကာဆက်ဆံရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ပြုံးကေသီနိုင်နဲ့ ဗွီအိုအေရဲ့အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

Source by : https://burmese.voanews.com/a/pyone-kathy-naing-uehrd-/4431468.html

ARSA အကြမ်းဖက် အဖွဲ့ ကိစ္စ ဦးဟန်ညောင်ဝေ နှင့် မေးမြန်းချက်

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသော ရိုဟင်ဂျာ ကယ်တင်ရေး တပ်မ တော် (ARSA) သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း က အပစ်အခတ် ရပ်စဲပြီး အစိုးရနှင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုထားသော်လည်း အစိုးရက လက်ခံတုံ့ပြန်ခြင်း မရှိပေ။
ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းကလည်း မည်သည့် အစိုးရကမှ အကြမ်းဖက်အဖွဲ့အစည်းကို ညှိနှိုင်းမည် မဟုတ် ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း အသိအမှတ်ပြု ညှိနှိုင်းရန် မရှိကြောင်း ဧရာဝတီကို ပြော ဆိုထားသည်။
ထို ARSA ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက် နေသော ဦးဟန်ညောင်ဝေ ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံ မေးမြန်းထားပါ သည်။
ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ သားတဦးဖြစ်ပြီး အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဝိုင်းများတွင် ပါဝင် ဆောင်ရွက်နေသော ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပ-မြန်မာရုံး (EBO)၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်။
မေး။ ။ ARSA က အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပါဖို့ ပြောတာ တွေ့လာရတယ်။ အစိုးရဘက်ကတော့ လက်မခံ ထား ဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ကူညီနေတဲ့သူ တယောက်အနေနဲ့ ဒီအပေါ်မှာ ဘယ်လို အမြင်ရှိ ပါလဲ။
ဖြေ။ ။ ကျနော့် အနေနဲ့ကတော့ အတူတူပဲလေ။ လက်နက်ကိုင်ပြီး အဖြေရှာတာက မလွယ်ဘူး။ နိုင်ငံရေး ဆွေး နွေးပွဲနဲ့ ရှာမယ် ဆိုရင် ဖြစ်နိုင်တဲ့ အလားအလာ ရှိတာပေါ့။ သူတို့ကိုယ်တိုင်က ဆွေးနွေးချင်တယ် ဆိုတာ တ ကယ်တော့ ဆွေးနွေး သင့်တယ်။ ကြည့်ပေါ့။ သူတိုက ဘာကြောင့်မို့ တိုက်နေတာလဲ။ ဘာတွေ လိုချင်တာလဲ။ ပေးနိုင်မပေးနိုင်တာက တခြား။ ဒါပေမယ့် သူတို့က စကားပြောချင်တယ်ဆို ပြောသင့်တယ်လို့ မြင်တယ်။
မေး။ ။ သူတို့အဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့ သတ်မှတ်ထားတော့ ပြောဆိုဆွေးနွေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မ လား။
ဖြေ။ ။ အဲဒါကလည်း ဒီလိုလေ။ သူတို့ သတ်မှတ်တဲ့ကိစ္စဟာ သတ်မှတ်သင့်သလား ဆိုတဲ့ မေးခွန်းရှိတယ်။ ဘာ ကြောင့်လဲဆို သူတို့ စတိုက်တုန်းက (အောက်တိုဘာ) ၂၀၁၆ တုန်းက လုံးဝ အကြမ်းဖက်ပုံ မပေါ်ဘူး။ နောက်ပိုင်း ပေါ်ချင်ပေါ်မှာပေါ့။ သူတို့ ပြောတဲ့နေရာမှာလည်း သူတို့က အကြမ်းဖက်ချင်တယ် ဘာတယ် မဟုတ်ပါဘူး။ သူ တို့ နိုင်ငံတကာနဲ့လည်း မချိတ်ပါဘူးဆိုပြီး ပြောနေတာ။ သူတို့ပြောတဲ့အတိုင်းကို စုံစမ်း ကြည့်သင့်တယ်။ သူ တို့နဲ့ ဆွေးနွေး ကြည့်သင့်တယ်။ အဖြေရှာရင်တော့ လွယ်သွားမယ်လို့ ကျနော်မြင်တယ်။
မေး။ ။ အခု ARSA က တိုက်ရိုက် အစိုးရကို ကမ်းလှမ်းနေတဲ့ သဘော တွေ့ရတယ်။ ကြားခံ အဖွဲ့အစည်းတွေ ဘာတွေ နဲ့ အန်ကယ်တို့ကို ဆက်သွယ်တာတွေ ရှိလား။
ဖြေ။ ။ မရှိဘူး။ သူတို့ကတော့ အခု လောလောဆယ် အစိုးရဆီ တိုက်ရိုက်ပဲ ပြောတယ်။ အစိုးရက ဘယ်လို တုံ့ပြန် လာမလဲ။ အစိုးရကတော့ မတုံ့ပြန်ဘူးလို့ ကျနော်မြင်တယ်။
မေး။ ။ မြန်မာပြည်မှာ အများစုက သူတို့ဟာ ဌာနေ တိုင်းရင်းသား မဟုတ်ဘူး။ မွတ်စလင်လို့ပဲ သတ်မှတ်တယ်။ သူတို့ကိုယ်တိုင် ရိုဟင်ဂျာလို့ သုံးတဲ့ အသုံးအနှုန်းအပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ အဲဒီဟာက ကျနော်မြင်တာက ဒီနှစ်ပေါင်း ၅၀ ကျော် စစ်ဘက် အစိုးရက သမိုင်းဖျက်ထားတယ်လို့ မြင် တယ်။ ဘာကြောင့်လဲဆို ကျနော်သိတယ်။ အရင်တုန်းက ရိုဟင်ဂျာ (အသုံး) ကို သုံးနေကြတယ်။ တပ်မတော် ကိုယ်တိုင်က ဒီ ၁၉၆၀ ခုနှစ်လောက်မှာ မေယုခရိုင် ဆိုတာ ဖွဲ့ပေးတယ်။ အဲဒါက တိုင်းရင်းသား ဖြစ်တဲ့ ရိုဟင် ဂျာ အတွက်ဆိုပြီး သူတို့ ကိုယ်တိုင်ပြောတယ်။ ပြောချင်တာက တခါမှ မရှိဘူး ဆိုတာလည်း မဟုတ်ဘူး။ ရှိဖူး ပါ တယ်။ အဲဒါမကဘူး မြန်မာ့ အသံ အသံလွှင့်ရုံမှာ ရိုဟင်ဂျာ စကား အစီအစဉ် ရှိခဲ့တယ်။
မေး။ ။ အဲဒါကို (ရိုဟင်ဂျာ စကားအစီအစဉ်) အခု ပြန်ထောက်ပြနေတာတွေ ရှိတယ်။ အဲဒါအပြင် မေယုခရိုင်တို့။ ၁၉၉၃ ခုနှစ်က ဒုက္ခသည် ပြန်လည် လက်ခံရေးဆိုင်ရာ စာချုပ်တွေမှာ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံး မပါဘဲ ရခိုင် ပြည်နယ် မြောက်ပိုင်းက မွတ်စလင်လို့ပဲ သုံးထားတာ မလား။
ဖြေ။ ။ မေယုမှာ သုံးတယ်။ အဲဒီတုန်းက အစိုးရဘက်က လက်မခံချင်တော့ဘူး။ သူတို့ ပြောတာက နိုင်ငံရေးအရ ထွင် ယူတယ် ပြောတယ်။ ဒီဟာက လူ့အခွင့်အရေး ရှုထောင့်နဲ့ ကြည့်ရင် လူမျိုးတိုင်းဟာ ကိုယ့်ဟာကို ထွင် လို့ရ တယ်။ ဥပမာ ထိုင်းဆိုရင်လည်း သူတို့ဟာ ထိုင်း လို့ ပြောတယ်။ တခြားလူတွေက သူတို့ကို ခေါ်တာ Siam (စယမ်) လေ။ ရှမ်းဆိုရင်လည်း ဒီလိုပဲ။ ရှမ်းကို ခေါ်တာ ရှမ်းပေါ့။ ရှမ်း ခပ်များများကပြောရင် သူတို့က တိုင်း လူမျိုးပေါ့။
မေး။ ။ တိုင်းရင်းသား အတော်များများက ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မဟုတ်တဲ့ အတွက်ကြောင့် လက် မခံနိုင်ဘူး ပြောကြတယ်။ တချို့ကျတော့လည်း ဘာမှ မပြောဘူး။ အန်ကယ့်အနေနဲ့ကျတော့ ဒီလို ထောက်ခံခြင်း မထောက်ခံ ခြင်းထက် လူသားချင်း စာနာမှုဘက်ကပဲ ကြည့်ကြည့်၊ လူ့အခွင့်အရေး ဘက်ကပဲ ကြည့်ကြည့် ဘယ် လိုအခြေအနေ ဖြစ်သင့်တယ်လို့ထင်လဲ။
ဖြေ။ ။ ကျနော်မြင်တာကတော့ ဒီ ရိုဟင်ဂျာ ကိစ္စက သူတို့ကို ဖိနှိပ်ထားတာ နှစ်ပေါင်းကြာပြီ။ ဒါ ပြန်ကြည့် ရင် တွေ့ မယ်။ ဆိုတော့ ဘယ်လူမျိုးမဆို အဲဒီလိုမျိုး မဖိနှိပ်သင့်ဘူး။ ကျနော်ယုံတာတော့ ခပ်များများက နိုင်ငံသား ပဲ။ တချို့က ပြောတာပေါ့။ စာရွက်စာတမ်း အထောက်အထား မရှိဘူး။ တိုင်းရင်းသား ဒေသမှာလည်း မှတ်ပုံ တင် မရှိတာတွေ အများကြီးပဲ။ ဘာကြောင့်လဲ။ ကျနော်တို့ နိုင်ငံက အနောက်နိုင်ငံလို မဟုတ်ဘူး။ လူတိုင်းက ID ကတ်တွေ ဘာတွေ မရှိကြဘူး။ အဲဒီလိုမျိုး ငြင်းလို့တော့ ခက်မယ်။ ဒါပေမယ့် အဲဒီဒေသမှာ နေလာတာ လွတ်လပ် ရေး ကာလတုန်းက နေလာတာ ရှင်းတယ်။ တချို့ ခိုးလာ နေတယ်။ ရာခိုင်နှုန်းနဲ့ မများပါဘူး။ တရုတ်ဘက် က လည်း အများကြီး ဝင်လာ တာပဲ။
မေး။ ။ အဲဒီ ဒေသမှာအပြင် တနိုင်ငံလုံးမှာ နိုင်ငံသားပြုခွင့် ကတ်နဲ့နေကြတဲ့ တခြား ဟိန္ဒူလို၊ တရုတ်လို လူတွေ ရှိ တယ်။ နေကြတယ်။ ဒါပေမယ့် မွတ်စလင်နဲ့ချည်း ပြဿနာ ဖြစ်ကြတာ များတယ်။ အဲဒီဒေသမှာ ဒေသခံတွေရဲ့ စိုးရိမ် ချက်က နယ်မြေစိုးမိုးရေး ဆိုင်ရာ စိုးရိမ်ချက်တွေ ရှိတယ်ဆိုတာ သိရတယ်။ အဲဒီအပေါ် ဘာပြောနိုင်မလဲ။
ဖြေ။ ။ အဲဒါကတော့ ကျနော်မြင်တာက ခြောက်ထားလို့ပါ။ သူတို့က မိန်းမ လေးယောက် ရှိတယ်။ လူဦးရေများ လာ မယ်။ မွတ်စလင်က လွှမ်းမိုးမယ်။ အဲဒီလိုမျိုးတွေ ခြောက်ထားလို့။ တကယ် ပြန်ကြည့်မယ်ဆိုရင် မလေး ရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံက မွတ်စလင်တွေချည်းပဲ သူတို့က ကျနော်တို့ကို ဘာလာလုပ်လဲ။ ဘာမှ မလုပ်ပါဘူး။ သူတို့ဟာ သူတို့ပဲ နေတယ်။ ဆိုတော့ ဒီမှာရှိတဲ့ မွတ်စလင်တွေလည်း ကျနော် တို့ကို လာလွှမ်းမိုးမယ်လို့ မဖြစ်နိုင် ဘူး။ အခုက ၄ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲဒီလိုမျိုးတွေ။ တကယ်လက်တွေ့ ကြည့်မယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီ တခြား တိုင်းရင်းသားထဲမှာတောင် မှ မြန်မာပြည်ရဲ့ သမ္မတ ဝင်လုပ်ဖို့က မဖြစ်နိုင်ဘူး။ ခပ်များ များက ဗမာ ဖြစ်ရမယ်လေ။ ဆိုတော့ ရိုဟင်ဂျာက ဘယ်လိုလာ လုပ်မလဲဆိုတာ မဖြစ်နိုင်ပါဘူး။ စိုးရိမ်မှု တွေက တော့ ကြီးတယ်။ ဒါကလည်း ခြောက်ထားတဲ့ လူတွေရှိလို့ ဖြစ်တယ်။
မေး။ ။ တဖက်က ပြန်ကြည့်ရင် တိုင်းရင်းသားတွေထဲမှာ သူတို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြည်နယ် တောင်းကြတယ်။ ၀ ဆိုလည်း သူတိုရဲ့ဝ ပြည်နယ် တောင်းတယ်။ မွတ်စလင်ကလည်း မွတ်စလင် ပြည်နယ်တောင်းမယ်ဆိုတဲ့ စိုးရိမ်ချက် တွေ ရှိကြတယ်။
ဖြေ။ ။ ရှိတာပေါ့။ ကြောက်တာကို။ ဒီမှာကလည်း ဒီလိုပဲ။ အခုလည်း တိုင်းရင်းသားဘက်မှာ အငြင်းအခုံ ဖြစ်ကြတယ်။ ကိုယ်ပိုင်နယ်မြေ ရချင်တယ်ဆိုတာ ဘာကြောင့်မိုရချင်လဲ။ ခပ်များများ ပြန် ကောင်းကောင်း ဆွေးနွေးကြည့်ရင် သူတို က သူတိုကိုယ်ကို ကာကွယ်ချင်တယ်။ သူတို့ရဲ့ အခွင့်အရေးကို ရချင်တယ်။ အဲဒါကြောင့် သူတို့က ပြည်နယ် လိုချင် တယ်။ တကယ် ဥပဒေအရ လူနည်းစုကို စောင့်ရှောက်ထားတယ်၊ ဘယ်သူမှ နှိမ်နှင်း လို့ မရဘူး၊ လူတိုင်းက အခွင့်အရေး ရှိတယ်ဆိုရင် ဒီကိစ္စတွေက လျော့သွားမှာပဲ။ အခုက လူတိုင်းက စိတ် သိပ်ပြင်းထန်တယ်။ အရင်တုန်းက ဖိနှိပ် ခံထားရတာကိုး။ ဥပမာ ကိုယ့်ဘာသာစကားကို သင်လိုမရဘူး။ အဲဒီလို ဆိုရင် အဲဒီလိုမျိုးဆို လူတွေက ပိုသင်ချင်လာရော။ သူတို့အမျိုးကို ကာကွယ်ချင်တဲ့ စိတ်တွေ ရှိလာရော။
မေး။ ။ အခု အန်ကယ်ပြောတာကို နားလည်ရမယ်ဆိုရင် ARSA က အခု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဖို တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တန်းညှိတာကို လက်ခံတဲ့သဘောလား။
ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ ဒီထဲကို မဝင်ရင်တောင် အနည်းဆုံးတော့ သူတိုနဲ့ ဆွေးနွေးသင့်တယ်။ လမ်းရှာ သင့်တယ်။ ဒီထဲမှာ ပါနိုင်ရင်တော့ တမျိုးပေါ့နော်။ မပါနိုင်ရင်လည်း ဘယ်လိုအဖြေရှာမလဲ ဆိုတာ။ တိုက် နေမယ့် အစား။ ကရင်တို့ ရှမ်းတိုနဲ့ တိုက်နေတာ နှစ်ပေါင်း ၇၀ မပြီးနိုင်ဘူး။ ဒီဟာလည်း ပြီးနိုင်မှာ မဟုတ်ဘူး။ ဆက် တိုက်နေမှာ။ ကျနော်တို့တိုင်းပြည်က ငြိမ်းချမ်းချင်တယ်။ တိုးတက်ချင်တယ်ဆို အဖြေရှာသင့်တယ်။
မေး။ ။ အရင်တခြား တိုင်းရင်းသားတွေနဲ့ တိုက်တဲ့အချိန်တုန်းက ဒီလောက်ထိလည်း လူမှုကွန်ရက်တွေမှာ မပျံ့ဘူး။ ကမ္ဘာကလည်း သိပ်မသိဘူး။ အခုကျတော့ သူတို့ရဲ့ တိုက်ခိုက်မှုအားလုံးက အကြမ်းဖက်မှု နဲ့ တိုက် ရိုက်သက်ဆိုင်တဲ့အခါကျတော့ အဲဒီအပေါ်မှာ ဘယ်လောက်အထိ ပြင်ဆင်မှုတွေရှိရမလဲ။ ဘယ်လောက်အထိ စိုးရိမ်သင့်လဲ။
ဖြေ။ ။ အဲဒါက အစိုးရပေါ်မှာ တည်တယ်။ ဘာကြောင့်လဲဆို အကြမ်းဖက် သတ်မှတ်တာ တို့ဘာတို့က အစိုးရ ဘက် ကပဲ လုပ်တာပဲ။ မကြာသေးခင်တုန်းကလည်း ဒီ တအာန်း (TNLA) တို့ ကချင် တို့ကိုလည်း အကြမ်းဖက် စာရင်းထဲ ထည့်ဖို့ ကြိုးစားခဲ့တယ်။ လူအများက ငြင်းလို့ မဖြစ်သွားတာ။ ဟိုဘက် မငြင်းဘူးဆိုရင် ဖြစ်သွားပြီ။ ကျနော်ပြောချင်တာက တကယ် မဟုတ်ဘူး။ အစိုးရအနေနဲ့ လက်ခံပြီး ဒီဟာက အကြမ်းဖက် မဟုတ်ဘူးဆိုတာ ပြောလို့ရပါတယ်။ ။

လက်ရှိမြန်မာနိုင်ငံရေး အခြေအနေ နှင့် ပတ်သက် ပြီး တွေ့ဆုံ မေးမြန်းခန်း အစီ အစဉ်။

ကိုဌေးလွင်ဦး (MMCRM) နှင့် မြန်မာမွတ်စလင်မ် မီဒီယာ (MMM) တို့ မြန်မာ မွတ်စလင်မ်များ အပေါ် သက်ရောက်မှုများ ရှိနေသော လက်ရှိမြန်မာနိုင်ငံရေး အခြေအနေ နှင့် ပတ်သက် ပြီး တွေ့ဆုံ မေးမြန်းခန်း အစီ အစဉ်။ (၁၉-၂-၂၀၁၃)