Civil Rights Movement

Civil Rights Movement

Myanmar

now browsing by category

 

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသား ရိုဟင်ဂျာ ၂၄၁၅ ယောက်ကို မြန်မာပြန်လည်ခေါ်ယူမည်

မြန်မာနိုင်ငံသားတွေလို့ဘင်္ဂလားဒေ့ရှ်ကသတ်မှတ်ထားတဲ့လူပေါင်းသုံးသိန်းကနေ ၂၄၁၅ယောက်ကိုပြန်လည်ခေါ်ယူမယ်လို့ မြန်မာအစိုးရကသောကြာနေ့က ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့လူနည်းစုရိုဟင်ဂျာမွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း၅သောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးလာခဲ့ပြီး နှစ်နိုင်ငံကြားအခြေအနေတင်းမာမှုမြင့်တက်လာခဲ့ပါတယ်။
ရိုဟင်ဂျာတွေဟာဘင်္ဂလားဒေ့ရှ်ကနေတရားမ၀င်ဝင်ရောက်လာသူတွေလို့ မြန်မာအစိုးရကဆယ်စုနှစ်ချီပြောကြားခဲ့ပြီး နိုင်ငံသားအဖြစ်ငြင်းပယ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ရိုဟင်ဂျာတွေကိုမြန်မာနိုင်ငံသားတွေလို့ပြောကြားခဲ့ပြီး နိုင်ငံထဲထွက်ပြေးဝင်ရောက်လာသူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ခြင်းမရှိပါဘူး။
“ကျွန်တော်တို့ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံသား ၂၄၁၅ယောက်ပဲရှိတယ်” မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက အထွေထွေဒါရိုက်တာ ကျော်ဇေယျက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့နိုင်ငံသားအရေအတွက်ပေါ်မှာ အမြဲတမ်းရပ်တည်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အယောက်၃သိန်းလို့သတ်မှတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်မစဉ်းစားတတ်ဘူး”လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
“၂၀၁၇ခုနှစ်မှာ မြန်မာအစိုးရက ၂၄၁၅ယောက်ကိုပြန်လည်ခေါ်ယူဖို့စီစဉ်ထားတယ်”လို့ သူကဆိုပါတယ်။ အစောပိုင်းတုန်းကလည်း ဒါးကမြို့က မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရကဆင့်ခေါ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကမြန်မာနိုင်ငံသားတွေရဲ့ အခြေအနေတွေကိုအသိပေးပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့စစ်ဆင်ရေးအတွင်း ဒေသခံတွေကိုစော်ကားဖိနှိပ်မှုတွေပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ပြောဆိုချက်တွေကို မြန်မာအစိုးရကငြင်းဆန်ထားပြီး သတင်းတွေဟာလုပ်ကြံဖန်တီးထားတယ်လို့ပယ်ချပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကအကြမ်းဖက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေပြီး နိုင်ငံတကာကဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို ပြသနာရဲ့အခြေခံအကြောင်းရင်းကို အမြန်ဆုံးရှာဖွေဖို့ တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံနဲ့ဒုက္ခသည်အရေးရဲ့ဖြစ်နိုင်ဖွယ်ရှိတဲ့ အစီအစဉ်တွေကိုဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။
နောက်ထပ်တင်းမာမှုမြင့်တက်စေတဲ့အကြောင်းကတော့ ဒီတပတ်ထဲမှာ မြန်မာရေတပ်ဟာ ဘင်္ဂလားပင်လယ်အော်က ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေကိုပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။
Source : Reuters
ဘာသာပြန် : ညောင်နီရွက်

Credit – Myanmar Muslim Media

သဘောင်္ာအုပ်စု ဝင်ခွင့်တောင်းထားဟု မလေးရှား အဖွဲ့ ပြောကြား

မလေးရှားနိုင်ငံ အစ္စလ မ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ- Malaysian Consultative Council of Islamic Organizations (MCCIO)
အတွင်းရေးမှူးချုပ် Zainol ဇေနိုလ် က ရခိုင်ပြည်နယ်ကို စေလွတ်မယ့် အရေးပေါ်ထောက်ပံ့ရေးသင်္ဘောအုပ်စုကို မြန်မာပြည်ဝင်ခွင့်ပြုဖို့အတွက်
ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမယ့် သံရုံးက အခုအချိန်ထိ ပြန်ကြားခြင်း မရှိကြောင်း မနေ့က ပြောပါတယ်။
အဲဒီထောက်ပံ့ရေး သင်္ဘောတွေပေါ်မှာ မွတ်စလင်တွေအတွက် ဆန်တန်ချိန် တထောင်ခန့် အပြင်ဆေးဝါးနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေ တင်ဆောင်ထားတယ်လို့ ဆိုပါတယ်။
သင်္ဘောတွေနဲ့အတူ မလေးရှားဝန်ကြီးဟောင်းတွေ၊ ဆေးဝန်ထမ်းတွေ၊ လေ့လာသူတွေနဲ့မီဒီယာအဖွဲ့တွေ လိုက်ပါလာမယ်လို့လည်း ပြောပါတယ်။ မြန်မာအစိုးရကတော့ အခုလိုထောက်ပံ့ရေးသင်္ဘောတွေ ဝင်ခွင့်ပြုဖို့ မလေးရှားတွေက တစုံတရာ တောင်းခံထားခြင်းမရှိဖူးလို့ ငြင်းဆိုထားပါတယ်။
Source – RFA Burmese

မြန်မာကို ပိုပြီးဖိအားပေးဖို့ မလေးရှား အတိုက်အခံ ပြောကြား

မလေးရှား အစိုးရအတိုက်အခံ ခေါင်းဆောင် ဒေါက်တာဝမ်အဇီဇာ က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာကို ပိုမိုအာရုံ စိုက်ဖြေရှင်းကြဖို့ မနေ့က ထပ်မံ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရနဲ့ အာဆီယံအဖွဲ့က အခုလုပ်ဆောင်နေတာတွေကို မိမိ ထောက်ခံပါတယ်။ ဒါပေမယ့် မလေးရှားအစိုးရ အနေနဲ့ မြန်မာအစိုးရကို ပိုပြီးဖိအားပေးဖို့နဲ့ လူသားချင်းစာနာမှုစာနာမှုအကူညီတွေ ပိုမိုထောက်ပံ့ဖို့ လိုတယ်လို့ မလေးရှားအစိုးရအတိုက်အခံ ခေါင်းဆောင် ဝမ်အဇီဇာ ကပြောပါတယ်။

ဒီအတောအတွင်း မောင်တောမြို့နယ် ၀က်ကျိန်းကျေးရွာနှင့် ဘဒကားကျေးရွာကြားရှိ ပြူးမချောင်း ဘေး မြေနုကျွန်း၌ ရွှံ့များပေကျံနေသော အလောင်းတစ်လောင်း ကို ဒီဇင်ဘာ ၂၆ ရက် ညနေက တွေ့ရှိကြောင်း မြန်မာအစိုးရပြန်ကြားရေးဌာနက ကြေညာခဲ့ပါတယ်။

သေဆုံးသူမှာ ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင် ပျောက်ဆုံးနေခဲ့တဲ့ ၀က်ကျိန်းရွာသား ဆီရာဇူဟွတ် ဆိုသူ ဆယ်အိမ်မှူး ဟောင်းဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို ဒေသခံ အဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့လည်း ဆိုပါတယ်။

source – www.rfa.org

မောင်တော ဖြစ်ရပ်တွေကို အတည်ပြုဖို့ ငြင်းဆန်ဖို့ အထောက်အထားတွေ မရှိ

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်တုန်း ရိုဟင်ဂျာ အမျိုးသမီးတွေ အဓမ္မ ပြုကျင့် ခံရတာမျိုး၊ ကျေးရွာ တွေ မီးရှို့ ဖျက်စီး ခံရတာမျိုး တွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆို ချက် တွေ အပေါ် လုံးဝ ချေဖျက် နိုင်လောက်အောင် ဖြစ်စေ၊ အတည်ပြု လောက်အောင် ဖြစ်စေ ခိုင်ခိုင်လုံလုံ အထောက်အထားတွေ မတွေ့ရ သေးဘူး လို့ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဦးအောင်ကြည်က ပြောပါတယ်။
ဒါပေမယ့်၊ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ မောင်တောဒေသမှာ ကွင်းဆင်း စစ်ဆေးတုန်းက အဓမ္မ ပြုကျင့် ခံခဲ့ ရသူတွေလို့ ထွက်ဆိုသူ အမျိုးသမီး တချို့ဟာ ကြိုတင် လေ့ကျင့် ထားသလို ဇာတ်လမ်း တစ်ခုတည်းကို ပြောဆို တာမျိုး၊ ရှေ့နောက် မညီ ထွက်ဆို တာမျိုး တွေ တွေ့ခဲ့ရတယ်လို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်က ဆိုပါတယ်။
ဒီလို ကိစ္စမျိုးတွေ ဆိုတာ မသဲမကွဲ ဖြစ်တဲ့ အခြေအနေမျိုး အမြဲတမ်း ရှိနေတဲ့ အတွက် ဆင်ခြင်တုံ တရားနဲ့ စဉ်းစားဆင်ခြင် ရမှာ ဖြစ်တယ်လို့လည်း ဦးအောင်ကြည်က ဆိုပါတယ်။
အစိုးရ စစ်တပ်က ရိုဟင်ဂျာ ရွာတွေကို မီးရှို့ခဲ့တယ် ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တချို့ရဲ့ ပြောဆိုမှုတွေ အပေါ်မှာလည်း လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုက ရှို့တာလား၊ ရွာသားတွေပဲ ကိုယ့်အိမ်ကိုယ် ရှို့တာလား ဆိုတာကို ကွဲကွဲပြားပြား ပြောဆိုနိုင်တဲ့ ခိုင်လုံတဲ့ သက်သေ အထောက်အထား တစုံတရာ ရမထားဘူးလို့ ဦးအောင်ကြည်က ပြောပါတယ်။
ဦးအောင်ကြည် ပါဝင်တဲ့ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ မောင်တော ဒေသ ဖြစ်ရပ်တွေကို စုံစမ်းဖို့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင် ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။
မွတ်ဆလင် အမျိုးသမီး နှစ်ဦးက သူတို့ကို အစိုးရ စစ်သားတွေက မုဒိန်း ပြုကျင့် ခဲ့တယ်လို့ မောင်တော ဒေသကို ရောက်သွား ခဲ့တဲ့ သတင်းထောက်တွေ ကို ပြောဆို ခဲ့ပါတယ်။
အဲဒီ အမှု ကိစ္စကို ဖော်ထုတ်ဖို့ အာဏာပိုင် အဖွဲ့တစ်ဖွဲ့ သွားရောက်တဲ့ အခါမှာတော့ ကာယကံရှင် အမျိုးသမီး နှစ်ယောက်က လာရောက် မတွေ့ဆုံပဲ တိမ်းရှောင် နေပြီး၊ ပတ်ဝန်းကျင် ကတော့ မုဒိန်းမှု ပေါ်ပေါက် ခဲ့တယ် ဆိုတာ မမှန်ကန်ဘူး လို့ ထွက်ဆို ခဲ့တယ် ဆိုပြီး အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။

မူရင်း – www.bbc.com

မွတ်စလင်နဲ့ ခရစ်ယာန်တွေဟာ ခွေးတွေ ကျူးကျော်သူတွေလို့ ဗုဒ္ဓဘာသာ ဘုန်းကြီး မိန့်ကြား

ဒီလ အစောပိုင်းက ဟောကြောခဲ့တဲ့ တရားတစ်ပုဒ်ကို You Tube မှာ တင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီး ကကြားနာသူ ပရိသတ်ကို မြန်မာနိုင်ငံက မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေနဲ့ ပတ်သက်ပြီး “သူတို့ကို အထင်မသေးနဲ့”လို့ သတိပေး စကားပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ ရည်ညွှန်းပြီး နိုင်ငံက တစ်ခြား ဘာသာရေးနှစ်ခု ကိုကြောက်ရွံနေမှုကို ရှင်းပြခဲ့ပါတယ်။ “သူတို့ အဖွဲ့တွေ အင်အားကောင်းလာရင် သူတို့ ငါတို့ကို ဘာလုပ်မလဲ သူတို့ပြ န်တိုက်ခိုက်လိမ့်မယ်” ဘုန်းကြီးက မိန့်ပါတယ်။
“မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေ တိုးပွားလာတာနဲ့ ပတ်သက်ပြီး တစ်ချို့ ဗုဒ္ဓဘာသာဝင်တစ်ချို့ရဲ့ယူဆချက်တွေဟာ အကျိုးအကြောင်း ဆီလျော်မှုမရှိပါဘူး အဲဒါကို ဘုန်းကြီးက ဗီဒီယိုထဲမှာပြောဆိုထားပြီး ယုတ္တိ မရှိတဲ့သူ့ရဲ့ကြောက်ရွံမှုကို ပြသခဲ့တယ်”လို့
တရားတော်ကို အင်္ဂလိပ်လို ဘာသာပြန်ဆိုခဲ့တဲ့ အောင်ကောင်းမြတ်က ဆိုပါတယ်။
၂၀၁၃ ခုနှစ်က ဒီမိုကရက်တစ် အစိုးရအတွက် ဟားဗက်အက်ရှ်စင်တာက သုတေသနပြု ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ မွတ်စလင်လူဦးရေ အရမ်းတိုးပွားလာတယ်ဆိုတဲ့ သက်သေ မရှိဘူးလို့ ဖော်ပြထားပါတယ်။ တရားတော်ထဲမှာ ဘုန်းကြီးက ဘာသာရေးနဲ့ လူမျိုးရေး
ကိုရှုတ်ထွေးစွာပြောဆိုထားပါတယ်။
“မြန်မာနိုင်ငံမှာ လူမျိုးဘယ်နှစ်မျိုးရှိလဲ” လို့ သူကမေးပါတယ်။ ကြားနာသူတွေက “ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း”လို့ဖြေကြားခဲ့ပါတယ်။ ကုလားက စာရင်းထဲမှာပါလား ဘုန်းကြီးကမေးပါတယ်။ မွတ်စလင်တွေနဲ့ အသားမည်းသူတွေ ကိုနှိမ်တဲ့ စကား
အသုံးအနှုံးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ “ခရစ်ယာန်တွေကော စာရင်းထဲမှာပါလား” လို့သူက ထပ်မေးပါတယ် ကြားနာသူတွေက “မပါဘူး”လို့ဖြေကြားခဲ့ပါတယ်။
သူတို့တွေက အိမ်ရှင်တွေမဟုတ်ဘူး ဧည့်သည်တွေ သူတို့က ငါတို့အိမ်ကို ကျူးကျော်လာသူတွေ လို့မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ သီတဂူ ဆရာတော်ရဲ့ဟောကြားချက်တွေကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။ ၂၀၁၂ ခုနှ စ်အရေးအခင်းမှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး
ရိုဟင်ဂျာ ၁ သိန်းကျော် နေရပ်တွေကနေ ရွှေ့ပြောင်းခံခဲ့ရပါတယ်။
“ဒီအယူအဆ ဟာမြန်မာနိုင်ငံက ကျော်ကြားတဲ့ သီတဂူ ဆရာတော်ကနေ စတင်ခဲ့တာဖြစ်ပြီး အလျင်အမြန်ပဲ ပျံ့နှံ့သွားခဲ့ပါတယ်။ အခြေခံအားဖြင့် လူနည်းစု ဘာသာရေး အဖွဲ့တွေဟာ မတူညီတဲ့ ဘာသာရေးကို သက်ဝင်ယုံကြည်တာကြောင့် ဒုတိယတန်းစား နိုင်ငံသား
ဖြစ်ရပါတော့တယ်။” လို့အောင်ကောင်းမြတ်က ဆိုပါတယ်။
၂၀၁၂ခုနှစ်မှာ သီတဂူ ဆရာတော်က “ဗုဒ္ဓဘာသာတွေဟာ အိမ်ရှင်တွေဖြစ်ပြီး မွတ်စလင်တွေက ဧည့်သည်တွေဖြစ်တယ် ဧည့်သည်တွေဟာ အိမ်ရှင့် အမိန့်ကို နာခံရမယ်”လို့ မိန့်ကြားခဲ့တာဖြစ်ပါတယ်။
“မျောက်တစ်ကောင်ထီးနန်းရသွားရင် လက်ခံနိုင်သေးတယ်။ မျောက်က ထီးနန်းပလ္လင်မှာ ကစားပြီးရ င်ထားခဲ့မှာ ဒါပေမယ့် ခွေးကတော့ ပလ္လင်ကိုသေးနဲ့ပန်းတယ် ဒါကြောင့်မှားယွင်းတဲ့ ဘာသာရေး ယုံကြည်ထားသူတွေက ခွေးတွေလိုပဲ”လို့ ဗီဒီယိုထဲမှာ ဟောကြားထားပါတယ်။
“ဒီလို အမုန်းစကားပြောဆိုချက်တွေဟာ မြန်မာနိုင်ငံထဲမှ ဖြစ်ပွားနေတာနှစ်နဲ့ချီကြာနေပြီဖြစ်ပါတယ်။ တရားပွဲပြီးတာနဲ့ အရေးအခင်း စဖြစ်တော့တာ မဟုတ်ပေမယ့်လည်း ဒီဟောကြားချက်တွေဟာ သူတို့ရဲ့ခေါင်းထဲမှာ စွဲမြဲနေတော့မှာဖြစ်တယ်”လို့ အောင်ကောင်းမြတ်က
ဆိုပါတယ်။ “ကျွန်တော် စိတ်အပျက်ရဆုံးကတော့ ဗီဒီယိုထဲမှာ ကလေးငယ်တွေရဲ့အသံကိုကြားခဲ့ရတယ် သူက ဒီကလေးတွေရဲ့ ခေါင်းထဲကို အမုန်းတရားနဲ့ အကြမ်းဖက်မှုအကြောင်း လှုံ့ဆော်ပေးနေတာပဲဖြစ်တယ်”လို့ သူက ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
Source : Coconuts Yangon
ဘာသာပြန် : ညောင်နီရွက်

Credit – Myanmar Muslim Media

စစ်ပွဲ ထောက်ခံသူများကို ရှုတ်ချကြောင်း KYO ကြေညာချက်ထုတ်

ပြည်တွင်းစစ် အဓွန့်ရှည်စေမည့် တပ်မတော်၏ ထိုးစစ်ဆင်မှုကို ထောက်ခံသည့် လုပ်ရပ်များကို ကန့်ကွက်ကြောင်းနှင့် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာကြရန် တိုက်တွန်းကြောင်း Kachin Youth Organization(KYO) ရှမ်းပြည်က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
မုံးကိုးဒေသတွင် တပ်မတော်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မုံးကိုး အခြေခံပညာ အထက်တန်းကျောင်း ခရစ်ယန် ဘုရားရှိခိုးကျောင်း အပါအ၀င် နေအိမ် ၄၀ ကျော်ပျက်ဆီးခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ အရပ်သားများလည်း ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တပ်မတော် အငြိမ်းစားများ၊မွတ်စလင်မ် ဆန့်ကျင်ရေး အမျိုးသားရေး လှုပ်ရှားသူများပါဝင် သည့် လူတစ်ထောင် ၀န်းကျင်ခန့်သည် တိုင်းရင်းသားဒေသ အချို့တွင် တပ်မတော်၏ ထိုးစစ်ကို တရားသောစစ်ဖြစ်သည့် အတွက် ထောက်ခံကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့က ဆန္ဒဖေါ်ထုတ်ခဲ့ကြပြီး ဗုဒ္ဓသာသနာတော် တည်တံ့ ခိုင်မြဲဖို့အတွက် စစ် တပ်မတော်လိုအပ်ကြောင်း အမျိုးသားရေး အစွန်းရောက် ဘုန်းတော်ကြီး အရှင်သုစိတ္တက အထက်ပါ တပ်မတော် ထိုးစစ်ထောက်ခံပွဲ တွင်မိန့်ကြားခဲ့သည်။

ဟိန်းအောင်
Source – Myanmar Musli Media

 

ရိုဟင်ဂျာတွေ ဒုက္ခခံစားနေရတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ကုလရှုတ်ချ

ကုလ လူ့အခွင့်အရေးရုံးဟာ အဓမ္မပြုကျင့်မှုတွေ သတ်ဖြတ်မှုတွေနဲ့ တစ်ခြားနှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီးနေ့စဉ် သတင်း ရရှိနေတယ်လို့ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့အကြမ်းဖက် စစ်ဆင်ရေးကြောင့် အနည်းဆုံးရိုဟင်ဂျာ ၈၆ ယောက် အသတ်ခံခဲ့ရပြီး ၂သောင်း ၇ ထောင်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မြန်မာအစိုးရဟာ ပြည်နယ်ထဲမှာ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးကိုဆောင်ရွက်နေတာလို့ပြောကြားပြီး ရက်စက်တဲ့လုပ်ရပ်တွေနဲ့ပတ်သက်တဲ့ သတင်းပေးပို့ချက်အားလုံးကိုငြင်းဆန်ထားပါတယ်။
ရိုဟင်ဂျာ အများစုဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးခဲ့ရပါတယ်။
“လူ့အခွင့်အရေးတွေကို ထပ်ခါထပ်ခါ ချိုးဖောက်မှုတွေကို လုပ်ကြံပြောဆိုတာလို့ ယူဆနေပါတယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းကအဆိုးရွားဆုံးခံစားနေရတဲ့ နေရာတွေကိုသွားရောက်ခွင့်လည်းမရရှိပဲ အပြစ်မဲ့အရပ်သားတွေဟာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအောက်မှာပဲ အစိုးရရဲ့ဥပေက္ခာပြုမှုနဲ့ စော်ကားနှိပ်စက်ခြင်းတွေကိုခံစားနေရပါတယ်။” လို့ Mr Hussein ကမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ “အာဏာပိုင်တွေမှာဘာမှဖုံးကွယ်ထားတာမရှိဘူးဆိုရင် ဘာလို့ကျွန်တော်တို့ကိုဝင်ရောက်ခွင့်မပြုရသလဲ”
ကုလဒုက္ခသည်ရေးရာ အေဂျင်စီ (UNHCR) ကပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards က “ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဆီ ကနေ နှိပ်စက်ခံခဲ့ရတဲ့အကြောင်းတွေကိုကြားသိရပါတယ်။ မိသားစုဝင်တွေအသတ်ခံခဲ့ရတာကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အမျိုးသမီးတွေ ကလေးတွေလည်းအများကြီးပဲ”လို့ပြောကြားခဲ့ပါတယ်။
အဲဒီက အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရပိုင်း က နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအပတ် အစောပိုင်းကတုန်းကလည်း ဂြိုလ်တုပုံရိ ပ်အသစ်တွေမှာ စစ်တပ်နဲ့ ရိုဟင်ဂျာရွာတွေ မီးရှို့ခံထားရမှုနဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုကို ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလတုန်းကမီးရှို့ခံခဲ့ရတဲ့ ၀ါးပိတ်ကျေးရွာအနားမှာ စစ်တပ်ထရက်ကားပုံရိပ်တွေကိုပါရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ HRW ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အစိုးရကမှတ်ချက်ပြုပြောကြားထားခြင်းမရှိပေမယ့် ထိခိုက်ခံခဲ့ရတဲ့ရွာတွေကို အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး ဇန်န၀ါရီလကုန်မှာအစီရင်ခံစာထုတ်ပြန်မယ်လို့ ပြောကြားထားပါတယ်။
Source : BBC
ဘာသာပြန် : ညောင်နီရွက်

Source-Myanmar Muslim Media

မမြင်ရနိုင်တဲ့ လူမျိုးတုန်း သတ်ဖြတ်ခြင်းကို ခံစားနေရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ဘ၀တွေထဲ ၀င်ရောက်ခဲ့ခြင်း

၂၀၁၅ခုနှစ် နိုဝင်ဘာလတုန်းက ရခိုင်ပြည်နယ်က မြန်မာမွတ်စလင်တွေရဲ့ ဒုက္ခသည်စခန်းမှာ လေးရက်အတွင်း ဈာပနာ သုံးခုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။
အားလုံးဟာ အလွယ်တကူ ဆေးဝါး ကုသပေးနိုင်ခဲ့တဲ့ ရောဂါတွေဖြစ်ပြီး မသေသင့်ပဲ သေခဲ့ရတာဖြစ်ပါတယ်။ နောက် Moriam Katu လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ ပန်းနာရောဂါကိုခံစားနေခဲ့ရတာ ၅ရက်လောက်ရှိပါပြီ သူဟာဆရာဝန်ကိုအကူအညီတောင်းခံခဲ့ပေမယ့် ဆရာဝန်ကပေါ်မလာခဲ့ပါဘူး နောက်တော့ချောင်းဆိုးတာသွေးတွေပါလာခဲ့ပါတယ်။ နောက်ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် သူမကွယ်လွန်ခဲ့ပါတယ်။
ခန့်မှန်းချေနိုင်ငံမဲ့ရိုဟင်ဂျာ ၁ သန်းခန့် ဟာမြန်မာနိုင်ငံသား အဖြစ်ကိုငြင်းပယ်ခံထားရပြီး အစိုးရစစ်တပ်တွေ ချထားတဲ့ ဒုက္ခသည်စခန်းတွေမှာ သာနေထိုင်နေရပါတယ်။ သူတို့တွေဟာဒုက္ခသည်စခန်းတွေကနေ ၀င်ထွက်ခွင့်မရရှိပါဘူး။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုမရရှိသလို အစားအစာလည်းလုံလောက်မှုမရှိပါဘူး။ ထောက်ပံ့ရေးအဖွဲ့အများစုဟာ စခန်းတွေထဲဝင်ရောက်လုပ်ကိုင်ခွင့်ပိတ်ပင်ခံထားရပါတယ်။ သတင်းထောက်တွေကိုလည်းပိတ်ပင်ထားသလို ရည်ရွယ်ချက်ရှိရှိနဲ့ လူအားလုံးကိုတစ်ဖြည်းဖြည်းနဲ့သေဆုံးအောင်လုပ်ထားသလိုဖြစ်နေပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာအများစုဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့နိုင်ခဲ့ပါတယ်။ အဲဒီမှာ ခန့်မှန်းခြေ ရိုဟင်ဂျာ ၃ သိန်းမှ ၅သိန်းခန့် စိတ်ညိုးငယ်စွာနဲ့ ဒုက္ခသည်စခန်းတွေမှာအခြေချနေထိုင်နေရပါတယ်။ သူတို့တွေဟာထောင်ချခံရမှာ ဒါမှမဟုတ် ပြန်ပို့ခံရမှာလားဆိုတာကို ကြောက်ရွံစိတ်နဲ့ နေထိုင်နေရပါတယ်။
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့ မရေတွက်နိုင်တဲ့ ရိုဟင်ဂျာတွေဟာ မှတ်တမ်းတင်ထားခြင်း မခံရပဲ သေလုမျောပါးခံစားနေရပါတယ်။ ဒါကမမြင်နိုင်တဲ့ လူမျိုးတုန်းရှင်းလင်းမှုပဲဖြစ်ပါတယ်။
Time သတင်းဌာနရဲ့ နိုင်ငံတကာရေးရာ ဓာတ်ပုံအယ်ဒီတာ Alice Gabriner ရဲ့ ဓာတ်ပုံစာစီစာကုံးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။
Source : Time
ဘာသာပြန် : ညောင်နီရွက်

Source – Myanmar Muslim Media

မွတ်စလင်ရွာတွေကိုမီးရှို့မှုအတွက် မြန်မာစစ်တပ်မှာတာဝန်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေပြောဆို

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW အဆိုအရ ပြည်နယ်မဲ့ရိုဟင်ဂျာမွတ်စလင်တွေကို ပစ်မှတ်ထားပြီး အိမ်ပေါင်း၁၅၀၀နဲ့ တစ်ခြားအဆောက်အဦးတွေကို မြန်မာစစ်တပ်က ဖြိုချဖျက်ဆီးခဲ့ပါတယ်။
ဂြိုလ်တုပုံရိပ်တွေ ဒုက္ခသည်တွေနဲ့အင်တာဗျူးတွေပြီးတဲ့နောက် အင်္ဂါနေ့မှာမှတ်ချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ “ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်ကိုယ်မီးနဲ့ရှို့ခဲ့တာဖြစ်တယ်လို့ မြန်မာအစိုးရနဲ့ စစ်တပ်ကယူဆထားပေမယ့် ကျွန်တော်တို့တစ်လျှောက်လုံးသံသယရှိခဲ့တဲ့အတိုင်းသာဖြစ်ခဲ့တယ်ဆိုတာကို နောက်ဆုံးမှာထုတ်ဖော်နိုင်ခဲ့တယ်”လို့ HRW ရဲ့လက်ထောက်အာရှဒါရိုက်တာ Phil Robertson ကပြောကြားခဲ့ပါတယ်။
ငြင်းဆန်နေမဲ့အစား မြန်မာအစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုတွေ အကူအညီပေးအပ်တာတွေကို ခွင့်ပြုသင့်ပါတယ်။ ပြီးတော့ ဘယ်သူမှတာဝန်ရှိသလဲဆိုတာနဲ့ ဒီလိုမျိုးလူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေဘယ်လိုအခြေအနေရှိတာစုံစမ်းစစ်ဆေးဖို့ ယူအန်ရဲ့စုံစမ်းစစ်ရေးကိုခွင့်ပြုသင့်တယ်လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
အရေးအခင်းဖြစ်ပွားပြီးကတည်းက ခန့်မှန်းခြေ အရပ်သား၂သောင်း၁ထောင်ခန့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရပါတယ်။ လွတ်မြောက်လာသူတွေဟာ စစ်တပ်ရဲ့အကြမ်းဖက်ခြင်းကိုဘယ်လိုခံစားရလဲဆိုတာကို ပြန်လည်ပြောကြားခဲ့ကြပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတစ်ယောက်ဆို သူ့သားကိုမီးပုံထဲပစ်ထည့်ပြီးအရှင်လတ်လတ်အသတ်ခံခဲ့ရတာကို ကြုံခဲ့ရပါတယ်။
ယူအန်လူ့အခွင့်ရေးရာကိုယ်စားလှယ် ယန်းဟီလီက ဒီသက်သေတွေဟာ မြန်မာလုံခြုံရေးတပ်တွေအနေနဲ့ လူသားမျိုးနွယ်ကိုပြစ်မှုကျူးလွန်တဲ့ရာဇ၀တ်မှုနဲ့အရမ်းကို နီးကပ်နေပြီလို့ သတိပေးပြောကြားခဲ့ပါတယ်။
ဒီအနောက်နယ်စပ်အရေးဟာဒေါ်အောင်ဆန်းစုကြည်အစိုးရအတွက် ကြီးမားတဲ့ဖိအားဖြစ်ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်စစ်ဆင်ရေးနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ဟာ ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိတာက သူမလုပ်ပိုင်ခွင့်အာဏာဘယ်လောက်ရှိသလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။
Source : Time
ဘာသာပြန် : ညောင်နီရွက်

Myanmar Muslim Media