မွတ်စလင်ရွာတွေကိုမီးရှို့မှုအတွက် မြန်မာစစ်တပ်မှာတာဝန်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေပြောဆို

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW အဆိုအရ ပြည်နယ်မဲ့ရိုဟင်ဂျာမွတ်စလင်တွေကို ပစ်မှတ်ထားပြီး အိမ်ပေါင်း၁၅၀၀နဲ့ တစ်ခြားအဆောက်အဦးတွေကို မြန်မာစစ်တပ်က ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဂြိုလ်တုပုံရိပ်တွေ ဒုက္ခသည်တွေနဲ့အင်တာဗျူးတွေပြီးတဲ့နောက် အင်္ဂါနေ့မှာမှတ်ချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ “ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်ကိုယ်မီးနဲ့ရှို့ခဲ့တာဖြစ်တယ်လို့ မြန်မာအစိုးရနဲ့ စစ်တပ်ကယူဆထားပေမယ့် ကျွန်တော်တို့တစ်လျှောက်လုံးသံသယရှိခဲ့တဲ့အတိုင်းသာဖြစ်ခဲ့တယ်ဆိုတာကို နောက်ဆုံးမှာထုတ်ဖော်နိုင်ခဲ့တယ်”လို့ HRW ရဲ့လက်ထောက်အာရှဒါရိုက်တာ Phil Robertson ကပြောကြားခဲ့ပါတယ်။ ငြင်းဆန်နေမဲ့အစား မြန်မာအစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုတွေ အကူအညီပေးအပ်တာတွေကို ခွင့်ပြုသင့်ပါတယ်။ ပြီးတော့ ဘယ်သူမှတာဝန်ရှိသလဲဆိုတာနဲ့ ဒီလိုမျိုးလူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေဘယ်လိုအခြေအနေရှိတာစုံစမ်းစစ်ဆေးဖို့ ယူအန်ရဲ့စုံစမ်းစစ်ရေးကိုခွင့်ပြုသင့်တယ်လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ အရေးအခင်းဖြစ်ပွားပြီးကတည်းက ခန့်မှန်းခြေ အရပ်သား၂သောင်း၁ထောင်ခန့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရပါတယ်။ လွတ်မြောက်လာသူတွေဟာ စစ်တပ်ရဲ့အကြမ်းဖက်ခြင်းကိုဘယ်လိုခံစားရလဲဆိုတာကို ပြန်လည်ပြောကြားခဲ့ကြပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတစ်ယောက်ဆို သူ့သားကိုမီးပုံထဲပစ်ထည့်ပြီးအရှင်လတ်လတ်အသတ်ခံခဲ့ရတာကို ကြုံခဲ့ရပါတယ်။ ယူအန်လူ့အခွင့်ရေးရာကိုယ်စားလှယ် ယန်းဟီလီက ဒီသက်သေတွေဟာ မြန်မာလုံခြုံရေးတပ်တွေအနေနဲ့ လူသားမျိုးနွယ်ကိုပြစ်မှုကျူးလွန်တဲ့ရာဇ၀တ်မှုနဲ့အရမ်းကို နီးကပ်နေပြီလို့ သတိပေးပြောကြားခဲ့ပါတယ်။ ဒီအနောက်နယ်စပ်အရေးဟာဒေါ်အောင်ဆန်းစုကြည်အစိုးရအတွက် ကြီးမားတဲ့ဖိအားဖြစ်ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်စစ်ဆင်ရေးနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ဟာ ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိတာက သူမလုပ်ပိုင်ခွင့်အာဏာဘယ်လောက်ရှိသလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ Source : Time ဘာသာပြန် :

» Read more
1 3 4 5