Civil Rights Movement

Civil Rights Movement

NEWS

now browsing by category

 

Chairman Royce to Convene Hearing on Violence Against Rohingya – Tomorrow at 9 a.m.

Media Contact 202-225-5021

Washington, D.C. – Tomorrow at 9 a.m., House Foreign Affairs Committee Chairman Ed Royce (R-CA) will convene a hearing to discuss the U.S. response to Burma’s escalating violence against the Rohingya.  The hearing is entitled “The Rohingya Crisis: U.S. Response to the Tragedy in Burma.”

Chairman Royce on the hearing: “Burma’s violence against the Rohingya is horrific, and one of the world’s worst humanitarian crises.  Hundreds have been killed, at least 420,000 Rohingyas have been driven from their homes, and at least 200 villages have been burned to the ground.  Burma can’t be allowed to continue cruelly mistreating the Rohingya and other minority groups.  And the United States should use the tools at its disposal to help stop this violence.  This hearing will give members an opportunity to press the administration on the steps they are taking to ensure civilian and military authorities are working to end the violence and aid those in desperate need.”

What:
Hearing: The Rohingya Crisis: U.S. Response to the Tragedy in Burma

When:
9 a.m. on Thursday, October 5

Where:
2172 Rayburn House Office Building

Witnesses:
Mr. W. Patrick Murphy
Deputy Assistant Secretary for Southeast Asia
Bureau of East Asian and Pacific Affairs
U.S. Department of State

The Honorable Mark C. Storella
Deputy Assistant Secretary
Bureau of Population, Refugees, and Migration
U.S. Department of State

Ms. V. Kate Somvongsiri
Acting Deputy Assistant Administrator
Bureau for Democracy, Conflict, and Humanitarian Assistance
U.S. Agency for International Development

Source : https://foreignaffairs.house.gov

ရခိုင်ဒေသအဖြစ်အပျက်များ စုံစမ်းအရေးယူဖို့ ကုလအရာရှိများ တောင်းဆို

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းပြီး ဒီအကြမ်းဖက်မှုတွေအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ သတ်ဖြတ်ခံရ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတဲ့ အခြေအနေတွေကို စုံစမ်းဖော်ထုတ်ပြီး အပြစ်ရှိသူတွေကို အရေးယူပေးဖို့ ကုလသမဂ္ဂ CEDAW ကော်မတီနဲ့ CRC ကော်မတီတွေက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအထိ မြောက်နိုင်တယ်လို့လည်း ဆိုပြီးတော့ CEDAW နဲ့ CRC ကော်မတီတွေအနေနဲ့ အထူး စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာမူစလင်တွေ ကြုံနေရတဲ့ အကြမ်းဖက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအထိ မြောက်နိုင်တယ်လို့ ဆိုပြီးတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ပြစ်မှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေး ကုလသမဂ္ဂ CEDAW ကော်မတီ နဲ့ ကလေးငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ CRC တို့က မြန်မာအစိုးရကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးငယ်တွေ သတ်ဖြတ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ စတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်တဲ့အကြောင်း ဒီကနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အချက်အလက် ခိုင်မာမှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ အမေးကိုတော့ CEDAW ကော်မတီ ဥက္ကဋ္ဌ Dalia Leinarte က ဗွီအိုအေကို ခုလို ဖြေပါတယ်။

“ကျမတို့ ဒီကနေ့ ပြောနေတာက လူ ငါးသိန်းကျော် ဒုက္ခသည်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ကိစ္စပါ။ အမျိုးသမီးနဲ့ ကလေးငယ်တွေ ထွက်ပြေးနေတဲ့ပုံတွေ၊ ရေနစ်နေတဲ့ပုံတွေ မှတ်တမ်းရုပ်သံတွေကို ကျမတို့ နေ့စဉ် တွေ့နေရတာပါ။ ဒါတွေ တကယ်တမ်း ဖြစ်နေတာ မဟုတ်ပါဘူးလို့ ပြောချင်တယ်ဆိုရင်တော့ ကျမတို့ရဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားသလိုပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ မကြာခင်တုန်းက ဖွဲ့စည်းပေးခဲ့တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံထဲ ၀င်ရောက်ခွင့်ပြုပြီး လေ့လာခွင့်ပေးဖို့ လိုပါတယ်။ ဒီအချက်အလက်ရှာဖွေရေးအဖွဲ့ သွားရောက် လေ့လာပြီး ထွက်လာတဲ့ရလဒ်အပေါ်မှာမှ အကောင်း အဆိုး သေချာ ပြောနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

မြန်မာအစိုးရကတော့ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကို ဖြေရှင်းရာမှာ အထောက်အကူ မဖြစ်တဲ့အပြင် ပဋိပက္ခကို ပိုပြီး ဆိုးရွားစေနိုင်တယ်လို့ ဆိုပြီးတော့ ဒီအဖွဲ့ကို လက်မခံပါဘူး။ ဒီလို လက်မခံတဲ့အပေါ်မှာ နိုင်ငံတကာ က လည်း ဝေဖန်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ အကာအကွယ်မဲ့ ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေကို မြန်မာအစိုးရက ဖြေရှင်းကိုင်တွယ်ပေးရလိမ့်မယ်လို့ CEDAW နဲ့ CRC ကော်မတီတွေကလည်း ပြောနေတာပါ။ ဒီကော်မတီတွေရဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ မရှိအောင် ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်လို့ CEDAW ကော်မတီ ဥက္ကဋ္ဌ Dalia Leinarte က ပြောပါတယ်။“CEDAW ကော်မတီအနေနဲ့ ဇူလိုင်လထဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ယေဘုယျ အကြံပြုချက် အမှတ် (၃၅) ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒီအထဲ အရေးကြီးတဲ့အချက်တွေထဲမှာတော့ CEDAW အဖွဲ့ဝင်နိုင်ငံ အစိုးရတွေ အနေနဲ့ အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမျိုးတွေမှာဆိုရင်… အကြမ်းဖက်မှုတွေ မဖြစ်အောင် ကာကွယ်တာ၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး အပြစ်ရှိသူတွေကို အရေးယူတာမျိုး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ CEDAW ကော်မတီမှာ ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ လိုက်ပါ ဆောင်ရွက်ဖို့၊ ပြီးတော့.. CEDAW ကော်မတီရဲ့ ယေဘုယျ အကြံပြုချက် အမှတ် (၃၅) နဲ့အညီ လိုက်ပါဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။”

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေကို မြန်မာနိုင်ငံထဲ အတားအဆီးမရှိ အမြန်ဆုံး ၀င်ရောက်ခွင့်ပြုဖို့နဲ့ ဒီအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ကိုလည်း CEDAW နဲ့ CRC ကော်မတီတွေက မြန်မာအစိုးရကို တိုက်တွန်းပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က ရခိုင်ပြည်နယ် မောင်နုကျေးရွာမှာ သြဂုတ်လ ၂၇ ရက်နေ့က ရိုဟင်ဂျာ မူစလင်တချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီရွာမှာ ရိုဟင်ဂျာရွာသားတွေကို မြန်မာစစ်တပ်က ရိုက်နှက်တာ၊ ဓားနဲ့ထိုးတာ၊ သေနတ်နဲ့ပစ်သတ်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ အပါအ၀င် ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ ဆိုပြီး နံမည်တွေနဲ့ ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီဖော်ပြချက်နဲ့ပတ်သက်လို့ ဗွီအိုအေ အနေနဲ့ကတော့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

Prince Charles omits Myanmar from Asia tour amid Rohingya conflict

Myanmar visit was considered for prince’s trip on behalf of British government but it has now been left put of official program

Prince Charles will tour south-east Asia and India later this month but the heir to the British throne will not visit Myanmar, after a spate of violence and allegations that authorities are carrying out ethnic cleansing.

Media reports last month said an official visit to Myanmar was being suggested for the trip, which the prince is undertaking on behalf of the British government, and aides acknowledged it had been considered as part of the schedule.

But it was omitted from the final program issued on Wednesday. Charles and his wife Camilla will travel to Singapore, Malaysia and then to India where he will meet the Indian prime minister, Narendra Modi.

“We looked at a range of options in the region and, as we’re announcing today, we’re going ahead with the visit to Singapore and Malaysia,” Philip Malone, the deputy head of department at Britain’s Foreign and Commonwealth Office, told reporters.

Malone and royal aides declined to elaborate.

More than 500,000 Rohingya Muslims have fled from Myanmar to Bangladesh in the past month since insurgents attacked security posts near the border, triggering fierce military retaliation that the United Nations has branded ethnic cleansing.

Last month Britain suspended its training program for the military in Myanmar because of the violence, and diplomatic relations have deteriorated.

Rights campaigners had argued against a royal visit.

“To have someone of Prince Charles’s stature go to visit the country would be seen as a reward, and giving legitimacy to the government and the military that are currently violating international law,” said Mark Farmaner, director of Burma Campaign UK.

Charles and Camilla will begin their tour in Singapore on 31 October before going to Malaysia, where they will celebrate 60 years of diplomatic ties since the former British colony became independent, before concluding the 11-day tour in India.

Source : https://www.theguardian.com

မြန်မာ့အရေးထိရောက်စွာကိုင်တွယ်ဖို့ ကုလလုံခြုံရေးကောင်စီဥက္ကဋ္ဌသစ် ပြင်ဆင်

လုံခြုံရေးကောင်စီမှာ အောက်တိုဘာလ (၁)ရက်ကစပြီး ပြင်သစ်နိုင်ငံအနေနဲ့ အလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်မယ့်အချိန်ကာလအတွင်း မြန်မာ့အရေးကို ဦးစားပေးဆောင်ရွက်ဖို့ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre က ပြောကြားလိုက်ပါတယ်။

အစောပိုင်းကတည်းက သတိပေးမှုတွေရှိခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီး ဖြစ်ပေါ်မလာအောင် ကုလသမဂ္ဂရော လုံခြုံရေးကောင်စီပါ ဟန့်တားနိုင်ခြင်း မရှိခဲ့ဘူးလို့လည်း ပြင်သစ်သံအမတ်ကြီးက မနေ့ တနင်္လာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ၀န်ခံပြောကြားခဲ့ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

အောက်တိုဘာလအတွက် အလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်မယ့် ပြင်သစ်နိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီမှာ အရေးပေးကိုင်တွယ်ဖြေရှင်းမယ့် အစီအစဉ်တွေထဲ ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ကို လုံခြုံရေးကောင်စီကို ဖိတ်ခေါ်ပြီး မြန်မာ့အရေး အလွတ်သဘောဆွေးနွေးဖို့ရှိကြောင်း နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre ကအခုလိုပြောပါတယ်။

“အောက်တိုဘာလ၁၅ ရက်နေ့မတိုင်ခင် လုံခြုံရေးကောင်စီမှာမြန်မာ့အရေးအလွတ်သဘောဆွေးနွေးဖို့ရှိပါတယ်။ ဒီစည်းဝေးပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုသာမက ပဋိပက္ခဖြစ်ရတဲ့အခြေခံအကြောင်းရင်းနဲ့ ပတ်သက်ပြီး အားလုံးလက်ခံနိုင်မယ့် နားလည်မှု၊ သဘောတူညီမှု ရယူနိုင်ဖို့ ဆွေးနွေးကြမှာဖြစ်သလို ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကောင်မရှင်ရဲ့ အကြံပြုချက်တွေကို အသေးစိတ်လေ့လာသုံးသပ်ပြီးတော့ လုံခြုံရေးကောင်စီအနေနဲ့ ဘယ်လိုအကောင်အထည်ဖေါ်နိုင်သလဲဆိုတာ ဆွေးနွေးမှာပါ။

ဒါကြောင့် မြန်မာဟာ လုံခြုံရေးကောင်စီက ဦးစားပေးဆွေးနွေးမယ့် နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ဒါအပြင် အခြားကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ လုံခြုံရေးကောင်စီရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကို ဖေါ်ထုတ်ပြီး ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်တဲ့ သဘောထားနဲ့ ညှိုနှိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ လုပ်ဆောင်ဖို့ အရေးကြီးပြီးလိုအပ်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ကနေ မြန်မာလုံခြုံရေးစခန်းတွေကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကနေ ပြန်လည်နှိမ်နင်းရာမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း သန်း တ၀က်နီးပါး ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးရတဲ့ အခြေအနေထိဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒီအပေါ်မှာ မြန်မာအစိုးရဘက်ကလည်း ပြင်းပြင်းထန်ထန် ငြင်းဆိုပယ်ချထားတာပါ။ သေချာတာကတော့ အဲဒီဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးဖြစ်ပေါ်နေပြီး ဒါကို ကုလသမဂ္ဂရော၊ လုံခြုံရေးကောင်စီကပါ ဟန့်တားနိုင်ခြင်းမရှိခဲ့ဘူးလို့ပြင်သစ်သံအမတ်ကြီးက ၀န်ခံပြောကြားခဲ့ပါတယ်။

“သံတမန်ရေးအရ ကြိုတင်ကာကွယ်ရာမှာ လုံခြုံရေးကောင်စီအနေနဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်မို့လို့အစောပိုင်းကတည်းက သတိပေးမှုတွေရှိခဲ့ပေမယ့် ဒီကိစ္စ ဘာကြောင့် ပျက်ကွက်ခဲ့ရသလဲဆိုတာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ အတူ အခြား နိုင်ငံတွေပါ အသေအချာဆွေးနွေးဖို့လိုပါတယ်။ဒီလိုအဖြစ်ဆိုးမျိုးဆိုက်မယ်ဆိုတဲ့ သတိပေးမှုတွေ၊ အခြေအနေတွေပြသခဲ့ပေမယ့် အကာအကွယ်မပေးနိုင်ခဲ့တဲ့အတွက် ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရပါတယ်။”

ဒါကြောင့်လည်း လုံခြုံရေးကောင်စီမှာ တာဝန်ရှိနေကြောင်းနဲ့ ပထမခြေလှမ်းအဖြစ် အလွတ်သဘောဆွေးနွေးတဲ့အဆင့်ပြီးတဲ့နောက်မှာ ဒုတိယခြေလှမ်းဖြစ်တဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖရန်ဆွာ ဒေးလာချာက ပြောပါတယ်။

“လုံခြုံရေးကောင်စီမှာ ရခိုင်အရေးကို အဓိကကျတဲ့ နိုင်ငံတွေနဲ့ အလွတ်သဘောဆွေးနွေးလိုတဲ့ အချက်က အကဲဖြတ်ရာမှာ အားလုံးလက်ခံနိုင်တဲ့ အမြင်တွေရရှဖို့၊ ပြဿနာကိုလက်တွေ့ဖြေရှင်းတဲ့နေရာမှာ အားလုံးသဘောတူနိုင်မယ့် လျာထားချက် ချပြနိုင်ဖို့ဖြစ်ပါတယ်။ ဒီပဋိပက္ခကြီး အဆုံးသတ်နိုင်ရေးအတွက် အကောင်းဆုံးနည်းလည်းဖြစ်ပါတယ်။ ဒါက ပထမခြေလှမ်းဖြစ်ပါတယ်။ ဒုတိယခြေလှမ်းကတော့ ကျနော်တို့ အမြင်အရဆိုရင် ပြတ်ပြတ်သားသား၊ ပြင်းပြင်းထန်ထန်နဲ့ တညီတညွတ်တည်း လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ဖြစ်ပါတယ်။ လုံးဝလက်မခံနိုင်တဲ့ ကြေကွယ်ဖွယ်ရာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ တကယ်လို့ လုံခြုံရေးကောင်စီက ထိထိရောက်ရောက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်မယ်ဆိုရင် ဒီလမ်းကြောင်းအတိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။”

လုံခြုံရေးကောင်စီမှာ ဒီတကြိမ် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးဖို့ ပြင်သစ်နဲ့အတူ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Source : https://burmese.voanews.com

ရိုဟင်ဂျာတွေအတွက်လိုအပ်ပါက ထမင်းတနပ်လျော့စားမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

ဘင်္ဂလားဒေ့ရှ် ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေ၊ ရဲ၊ အုပ်ချုပ်ရေးနဲ့ ပါတီစေနာ့ဝန်ထမ်းတွေ အနေနဲ့ ရိုဟင်ဂျာတွေ ခံစားနေရတာတွေ လျော့နည်းသက်သာသွားစေဖို့ ကြိုးစားလုပ်ကိုင်နေပြီး ရိုဟင်ဂျာတွေအတွက် လိုအပ်ရင် ထမင်းတနပ်လျော့စားမယ်လို့ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဒုက္ခတွေ့ကြုံနေတဲ့ ရိုဟင်ဂျာတွေအတွက် အစားအစာ၊ နေစရာနဲ့ ဆေးဝါးတွေ ကူညီထောက်ပံ့ပေးနေတာနဲ့ ပတ်သက်ပြီးပြောကြားခဲ့တာလို့ ဒါကာထရီဗြူး သတင်းစာမှာဖော်ပြပါတယ်။

“ကျမတို့ လူသန်း၁၆၀လောက်ကို ကျွေးနိုင်ရင် ဆင်းရဲဒုက္ခအဖြစ်ဆုံး အချိန်ရောက်နေတဲ့  နောက်ထပ်လူ ၅သိန်းကနေ ၇သိန်းလောက်ကိုလည်း ကျွေးနိုင်ပါတယ်။ လိုအပ်မယ်ဆိုရင် ကျမတို့ တရက်မှာ ထမင်းတနပ်ပဲစားပြီး ကျန်တဲ့တစ်နပ်ကိုတော့ ဒီလိုဒုက္ခသုတ်ခရောက်နေ သူတွေ မျှဝေပေးမယ်”လို့ ၀န်ကြီးချုပ် ရှိတ်ဟာဆီနားက Ritz Carlton ဟိုတယ်မှာ အမေရိကန် ပြည်ထောင်စု ပြည်နယ်အသီးသီးက သူ့ပါတီခေါင်းဆောင်တွေနဲ့ အမြင်ချင်းဖလှယ်ရာမှာ ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မချမ်းသာပေမယ့် နှလုံးသားရှိတယ်၊ သူတို့ဟာ လူသားတွေ ဖြစ်ကြပြီး သူတို့ကို ဘင်္ဂလားပင်လယ်အော်ထဲကို ပစ်ချလို့မရဘူးလို့ လည်း ပြောပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီးနားဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းမပြောကြားခင် နယ်စပ် ကော့စ်ဘဇားမှာ ရှိတဲ့ ဒုက္ခသည်စခန်းကိုသွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကနေ နယ်စပ်ဖြတ်ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ပြေးသူတွေကိစ္စဆွေးနွေးဖို့  နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

Source : http://burmese.dvb.no

Who really attacked the Rohingya Hindus in Rakhine?

The Myanmar government on September 27 announced it had found a mass grave of Hindus near Fakirabazar, where at least 45 corpses of local Hindus were buried

Among the half million Rohingya refugees who have come to Bangladesh, only a handful of them are Hindus. In their statements to many journalists and authorities, these people have described suffering horrors of slaughter and arson just like their Muslim neighbours.

In particular, Rohingya refugees from the Hindu neighbourhood of Fakirabazar in Maungdaw, described how masked assailants clad in black had shot and stabbed people and dumped the bodies in holes in the ground.

Over the last week and a half, however, some of the statements have begun to change. The Hindus, who are mostly gathered in a separate camp in Ukhiya, Cox’s Bazar, have started to blame “militant Muslims” for attacks on the Hindus.

Last week, a group of Rohingya women told AFP they were Hindus, brought forcibly to the Kutupalong refugee camp in Bangladesh by a group of men and told to convert to Islam.

A reporter from Indian news magazine India Today also found a woman from this group. She claimed to have been forced to perform namaz and wear a burqa.

Reuters reports that in late August, a group of Hindu Rohingya women had told them it was Rakhine Buddhists who attacked them. But later on, three of them changed their statements to say the attackers were Rohingya Muslims, who brought them here and told them to blame the Buddhists.

The Myanmar government on September 27 announced it had found a mass grave of Hindus near Fakirabazar, where at least 45 corpses of local Hindus were buried. A group of local and foreign journalists were flown to the spot by the Myanmar army and shown decomposing skeletal bodies laid out in rows on a field outside the village, as distraught relatives wailed nearby.

Rohingya killing Rohingya?

The Myanmar Army blamed the Arakan Rohingya Salvation Army (ARSA) for this slaughter. Journalists have no access to Rakhine state outside of these official visits and cannot verify any of the official claims.

The same day, the Rakhine state government urged Hindu refugees who fled to Bangladesh to return, promising they will be cared for in Sittwe, according to reports in Myanmar media.

This correspondent visited the camp of Rohingya Hindus in Ukhiya and found them sheltered in a chicken farm and makeshift houses beside a Hindu temple. The majority of them were from the villages of Chikanchhari, Fakirabazar and Balibazar in Maungdaw.

The refugees said they had fled to save their lives from a group of people clad in black, whom they called “Kala Party” (Black Party). They believed these people were Rohingya Muslims.

“Muslim terrorists have become desperate and started resenting the Hindus who have citizenship in Myanmar,” said Puja Mallik, a young Hindu woman whose husband was killed by the masked men clad in black on August 25.

“The government is willing to give Muslims second class green citizenship card like ours, they do not want that. They demand the first class red citizenship cards that the Moghs [Rakhine] have,” she said.

The Myanmar has three tiers of citizenship, and the green card is for “naturalised citizens,” essentially immigrants.

A number of Hindu refugees while arriving in Bangladesh had told the media that they had lost their fathers and husbands at the hands of Myanmar army for their reluctance to partake in Muslim killing in Rakhine.

Cox’s Bazar Correspondent for New Age Mohammad Nurul Islam said: “They arrived in Bangladesh with the Muslim refugees and told us that the Buddhists had attacked them. We have audio records of their speeches.”

“Myanmar military and Buddhists killed my husband for not participating in killing and ousting Rohingya Muslims,” Anika Dhar, a pregnant Hindu housewife, had told the Daily New Age in late August.

She also told a senior journalist with the Reuters Television that she had taken shelter in a Muslim village after her husband was killed and came to Bangladesh with them.

Another woman, Padma Bala, who arrived in Bangladesh on August 30, told the same journalist: “The Moghs [Rakhine] are cutting us up.” The Reuters journalist is still in possession of the audio recording.

Many Rohingya Hindus have said they received support from Muslim neighbours in escaping the army’s persecution.

“The Kala Party with arms, bombs and lethal weapons confined us to our houses for five consecutive days. We managed to escape the confinement with a Muslim neighbour’s help,” Arimahan Rudra told the Dhaka Tribune.

According to him there were 607 Hindus in the camp.

What do Rohingya Muslims say?

The green card citizenship makes the Hindus more privileged than the Muslims. They can study in colleges and universities, they can get jobs and medical treatment from government hospitals, they can travel freely, at least in theory, and they can vote.

On the other hand, Rohingya Muslims demand full-fledged citizenship, acknowledgement as Rohingya, and removal of state-sponsored restrictions; demands that are unlikely to be ever fulfilled.

Many Rohingya Muslims think this is Myanmar’s long-term plan, a classic divide and rule strategy, to create anger and hatred between the two religious groups among the Rohingya.

“We, the Hindus and Muslims, have been living together more than a hundred years in our village. The differences in our religious faiths did not create any trouble,” said Hashu Mia, a Muslim refugee from Fakirabazar village, now in Kutupalong.

“After coming to Bangladesh, I met one of my Hindu neighbours in Kutupalong bazar last week. He was the first to recognise me here. He embraced me tightly and we cried,” he said.

However, some Rohingya Muslims say some members of the Hindu community had sided with the army and Rakhine militia since the violence erupted.

“The Hindus are collaborating with the army and Moghs in Muslim killing. They helped them in looting and torching Muslim houses as they know the localities well,” said Abdus Salam, another Rohingya refugee from Fakirabazar.

“The relation between Hindus and Muslims has significantly deteriorated over a month,” he told the Dhaka Tribune.

Manufacturing a divide

The Rohingya insurgent group ARSA has strongly denounced the allegations brought by the Myanmar army.

“ARSA categorically denies that any of its member of combatants perpetrated murder, sexual violence, or forcible recruitment in the village of Fakirabazar, Riktapur and Chikonchhari in Maungdaw on or about 25 August 2017,” the statement issued on Wednesday said.

Who then, killed the Rohingya Hindus in the Rakhine state?

Rohingya refugees say that since ARSA’s attack, the Myanmar army started a deadly crackdown and killed hundreds of villagers regardless of their religious identities.

“The army is playing a game. The Buddhists and government agents attacked the Hindu villages so that they can justify the military crackdown targeted on Muslim eradication,” Mohammad Ayes, who enrolled himself in ARSA in August, told the Dhaka Tribune.

Mohammad Ayes, who joined ARSA a few days before the insurgent attacks, said the government used the conflict between the Hindus and Muslims, and take side of the Hindus as they were working for them.

Ayes argued that since the ARSA combatants do not have any dress code, they do not need to hide their identity with black masks.

“Whoever uses masks, it means they want to hide their identities and commit atrocities. It is a conspiracy against the Rohingya Muslims to prove that what the army is doing is legal and necessary,”

“If Hindus were really attacked by the Muslims, would they not be afraid to escape with the Muslims to get shelter in Bangladesh?” he asked.

Ayes alleged that since the Rohingya Hindus already had Myanmar citizenship and the government had urged them to return, they were blaming Muslims to express their loyalty towards the government.

Another ARSA member who claimed to be a Jimmadar (commander) told the Dhaka Tribune through a messaging app that the corpses the Myanmar army found could be any Rohingya.

“Now they are showing those bodies and forcing the Hindu people to cry in front of the bodies and say that those corpses were their relatives,” he said.

“UN bodies and others are trying to enter Rakhine state to investigate what atrocities were done by the military. So they buried the bodies of Rohingya. If any investigation is carried out the military will be accused for sure. So to destroy the evidence they are posing Muslim bodies as Hindu bodies,” the militant said.

‘We want to go to India’

Asked why they had come to Bangladesh instead of moving further inland, Bhuban Pal, a refugee in the Hindu camp, said that they perceived all Muslims to be against them and had moved to Bangladesh because it was closer.

“One of our community leaders, Nirmal Dhar, told us we would be safe here and he would arrange our return soon,” he added.

Several refugees, when asked whether they had heard about Rakhine state government’s invitation to the Hindus to return and stay in Sittwe, said they did not feel safe in Myanmar and wanted to go to India.

Source : http://www.dhakatribune.com/

UN Security Council finally losing patience with Myanmar

United Nations (CNN)In the past four weeks over half a million Rohingya Muslims have been forced to flee Myanmar to escape an orchestrated campaign of violence described by the UN as “ethnic cleansing.”

But it wasn’t until Thursday that the UN Security Council held its first public meeting on the situation in more than eight years.
UN Secretary-General Antonio Guterres told the council that the current outbreak of violence has “spiraled into the world’s fastest-developing refugee emergency, a humanitarian and human rights nightmare.”
“We’ve received bone-chilling accounts from those who fled, mainly women, children and the elderly,” he said.
At least 500,000 Rohingya have fled Myanmar since violence intensified in late August, bringing with them stories of widespread destruction and murder in their home province.
Their forced migration constitutes the quickest exodus from a single country since the Rwandan genocide in 1994.
Rohingya Muslims are considered to be among the world’s most persecuted people. The predominantly Buddhist Myanmar considers them Bangladeshi, but Bangladesh says they’re Burmese. As a result, they’re effectively stateless.
On August 25, Rohingya militants killed 12 security officers in coordinated attacks on border posts, according to Myanmar’s state media. In response, the military intensified “clearance operations” against “terrorists,” driving thousands of people from their homes.
he security council meeting came as 15 Rohingya, including nine children, drowned after their boat sunk while trying to escape Myanmar to Bangladesh across the Bay of Bengal.
US ambassador to the United Nations told the Security Council Thursday Myanmar’s actions in Rakhine State appeared to be ethnic cleansing, an allegation UN human rights chief Zeid Raad al-Hussein first made weeks ago.
The government of Myanmar has repeatedly denied this, claiming security forces are carrying out counter attacks against “brutal acts of terrorism.”
In a statement, the country’s foreign ministry claimed that security forces are taking “full measures to avoid collateral damage and the harming of innocent civilians.”
Visiting Myanmar National Security Advisor U Thaung Tun blamed terrorism, not religious persecution, for the unfolding crisis. He said there is “no ethnic cleansing or genocide” in Myanmar, adding that those charges should not be lobbed lightly.
Despite the harsh words no formal action was taken after the session. Ambassadors said they felt that the 15-member council sent a strong message to Myanmar.

Haley: Time for words has passed

During Thursday’s meeting, Ambassador Haley said the time for “well meaning words in the Council have passed.”
She said that action must be considered against “Burmese security forces who are implicated in abuses stoking hatred among fellow citizens,” and urged countries that now sell weapons to Myanmar to suspend their deliveries until the military provides accountability.
Haley called for the Myanmar military to respect human rights and fundamental freedoms.
“Those who have been accused of committing abuses should be removed from command responsibilities immediately and prosecuted for wrongdoing,” she said.
Before the meeting, Amnesty International called for an arms embargo on Myanmar. The group says Myanmar has torched entire villages inside Rakhine State and fired on people trying to flee.
Myanmar issued an invitation to the UN Secretary-General to come visit the country in the “near future.” The UN said that it’s studying the offer.
The Myanmar envoy also said diplomats accompanied by media will visit northern Rakhine state on Monday.
The UN does not have its own army, and it has gotten nowhere with pleas for diplomacy. A UN team set to tour Rakhine state on Thursday found its trip cancelled — due to the weather, according to Myanmar.

Guterres: ‘End the military operations’

The UN Secretary-General proposed three things for the Myanmar government to do.
“First, end the military operations,” Guterres said. “Second, allow unfettered access for humanitarian support. And third, to ensure the safe voluntary and sustainable return of the refugees to their areas of origin.”
Japan’s UN Ambassador Koro Bessho strongly condemned the attacks on civilians and said his nation was deeply disturbed at reports of killings.
Myanmar’s special envoy told the Council the country realizes the humanitarian situation needs to be addressed. He said thousands fled because of fear due to terrorism, and that Myanmar is cooperating with the Red Cross.
The UN Secretary-General warned that “we should not be surprised if decades of discrimination and double standards in treatment of the Rohingya create an opening for radicalization.”
China, a neighbor of Myanmar and Bangladesh where hundreds of thousands have fled, said “there is no quick fix” to the conflict.
Diplomats say they want a political dialogue to start. The Council plans to hear from former UN Secretary-General Kofi Annan, who chaired a commission on Myanmar packed with recommendations, next week.
Swedish UN Ambassador Olof Skoog said the Annan report “provides the way forward,” as he urged the Myanmar government to take responsibility to bring an end to the conflict once and for all.”

Source : http://edition.cnn.com

The UN Toughens its Myanmar Stance—Five Years into the Rakhine Crisis

At the UN Security Council yesterday, both the UN Secretary-General and a number of UNSC members called for tough pressure on the Myanmar government, as the crisis in Rakhine State—and the exodus of refugees into Bangladesh—continues with little let up. U.S. Permanent Representative to the United Nations Nikki Haley called for all countries to stop providing weapons to the Myanmar military, according to reports in Reuters. She said, “Any country that is currently providing weapons to the Burmese military should suspend these activities until sufficient accountability measures are in place” to ensure that the ethnic cleansing stops and commanders who oversaw the Rakhine operation are removed from their posts. This is a commendable stance, and may be an important step to convincing the Myanmar armed forces that they could pay for their ethnic cleansing operations.

Meanwhile, during the discussion on Myanmar, Security Council members repeatedly mentioned commander in chief Min Aung Hlaing, who runs the Myanmar armed forces. He, even more than any other figure in Myanmar, is ultimately responsible for the army’s actions in Rakhine State. Yet his name has been barely mentioned in the international press as the crisis in Rakhine has escalated. (I will hopefully have two more pieces on Min Aung Hlaing next week, in The National and The Atlantic.) Although Aung San Suu Kyi certainly bears a significant part of the blame for the Rakhine crisis, Min Aung Hlaing needs to be front and center in discussions of Myanmar at the United Nations.

UN Secretary-General Antonio Guterres also has taken an increasingly tough rhetorical approach toward the Myanmar government. He seems to be getting increasingly frustrated with Myanmar’s stonewalling on letting in UN rights investigators, and Naypyidaw’s refusal to even acknowledge that there are serious rights violations going on in Myanmar. The Secretary-General has forcefully called on Myanmar to allow in UN investigators and to halt the army’s actions in Rakhine State. This week he called the Rohingya crisis “the world’s fastest developing refugee emergency and a humanitarian and human rights nightmare.”

But the UN’s actions, though welcome, are more than a bit late. Although the crisis has grown exponentially since August, Rakhine state has been wracked with violence for nearly five years. For five years, the military and vigilantes have laid waste to parts of the state. And for five years there have been massive refugee flights into Bangladesh, as well as large numbers of internally displaced people inside Myanmar.

Indeed, multiple reports, including by the BBC, have shown that the UN mostly avoiding taking serious action on the Rakhine crisis over the past five years.

The BBC reports that, until the crisis that began this past August, “the head of the United Nations Country Team (UNCT) [for Myanmar], a Canadian:

  • tried to stop human rights activists travelling to Rohingya areas
  • attempted to shut down public advocacy on the subject
  • isolated staff who tried to warn that ethnic cleansing might be on the way.”

The United Nations has “strongly disagreed” with the BBC report.

Other reports back up the BBC reporting on the UN’s go-slow approach to Rakhine. Last year, Vice obtained leaked documents which showed that “UN officials on the ground [in Myanmar] disregarded multiple recommendations on the rights and security of the [Rohingya].” The Vice documents further showed that an internal UN report had noted that the United Nations was focused mostly on “emphasizing development investment [in Rakhine State and Myanmar generally] as the solution to the problems in Rakhine State.”

Although Rakhine certainly could use development, investment and growth is hardly going to stop an ongoing humanitarian catastrophe. What’s more, as some of the Vice documents showed, many UN officials accurately recognized that development in Rakhine State actually might be further fueling the conflict. Finally, the Vice documents noted that the United Nations’ coordinator in Myanmar had repeatedly “discarded or simply ignored information that underscored the seriousness of the [human rights] situation” in Rakhine state.

So, the United Nations’ actions this week on Myanmar are to be acclaimed. But they should have come much sooner.

Source : https://www.cfr.org/blog/un-toughens-its-myanmar-stance-five-years-rakhine-crisis

လုံခြုံရေးကောင်စီ ရခိုင်အရေးဆွေးနွေး

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စက်တင်ဘာ လ ၂၈ ရက်၊ ကြာသပတေးနေ့က တံခါးဖွင့်အစည်းအဝေးတခုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးအတွင်း အတွင်းရေးမှူးချုပ်က ကောင်စီကို အစီရင်ခံတင်ပြသလို လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကလဲ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ချက်တွေနဲ့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုတာတွေကို အသီးသီးပြောသွားကြပါတယ်။ ဒီပြောဆိုချက်တချို့ကို ကောက်နုတ်စုစည်းပြီး ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးအဖွင့်မှာ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က အရင်ဆုံး အစီရင်ခံတင်ပြတဲ့ထဲ သြဂုတ်လ ၂၅ ရက်နေ့မှာ Arakan Rohingya Salvation Army က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီးကတည်းကဆိုရင် လက်ရှိအခြေအနေဟာ တဖြည်းဖြည်းချင်း ယိုယွင်းလာနေတဲ့အကြောင်းနဲ့ အဲဒီလိုတိုက်ခိုက်တာကို သူ့အနေနဲ့ ပြစ်တင်ရှုတ်ချတယ်ဆိုတာ ထပ်ပြီး ပြောသွားပါတယ်။

အဲဒီအချိန်ကတည်းကစလို့ ဒုက္ခသည်အရေးပေါ်အခြေအနေ၊ လူသားဘေးဒုက္ခနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွားတဲ့အခြေအနေ တခုအဖြစ် ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးနှုန်းနဲ့ ပြောင်းလဲ ဖြစ်ပေါ်လာတယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။ အဲဒီ နောက် မြန်မာအာဏာပိုင်တွေအနေနဲ့ လုပ်ငန်းစဉ်သုံးခုကို ချက်ခြင်းလက်ငင်းလုပ်ဆောင်ဖို့ သူက တောင်းဆိုသွားပါတယ်။

“မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီခြေလှမ်း၃ ရပ်ကို ချက်ချင်းအရေးယူဆောင်ရွက်ဖို့ ကျနောဆက်လက်တိုက်တွန်းပါတယ်။ ပထမက စစ်ဆင်ရေးတွေကို အဆုံးသတ်ဖို့၊ ဒုတိယအချက်အနေနဲ့ လူသားချင်းစာနာမှု အထောက်အကူတွေကို အဟန့်အတားကင်းရှင်းစွာ ပေးနိုင်ခွင့်ပြုဖို့ ၊ တတိယက ဒုက္ခသည်တွေကို ဘေးကင်းစွာ မိမိတို့သဘောအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ လုံလောက်တဲ့ အချိန်တွေ ပေးပြီးတော့ သူတို့ရဲ့ နေရင်းအရပ်တွေကို ပြန်ခွင့်ရရေး အာမခံဖို့ ဖြစ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအဖွဲ့ရဲ့ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Jonathan Allen က မြန်မာအာဏာပိုင်တွေအနေနဲ့ လက်ရှိ ပြဿနာကိုဖြေရှင်းရာမှာ သမိုင်းအမှန်ဘက်က ရပ်တည်ပြီး ဖြေရှင်းမလား၊ လုံခြုံရေးကောင်စီက အရေးယူလုပ်ဆောင်တာကို ရင်ဆိုင်မလားဆိုတာ မြန်မာအာဏာပိုင်တွေကို မေးခွန်းထုတ်သွားပါတယ်။

“ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတရပ်လုံးအကျိုးကို အလေးထားဖို့ သန္နိဌာန် ခိုင်မာပါ တယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ မြန်မာနိုင်ငံကို အောင်မြင်စေချင်ပါတယ်။ ဒါ့ကြောင့်လဲ ဒီနေ့ လုံခြုံရေးကောင်စီမှာ ပွင့်ပွင့် လင်းလင်းပဲ တင်ပြခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပဋိပက္ခဟာ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာအပြင် မြန်မာ ခေါင်းဆောင်တွေနဲ့ မြန်မာစစ်တပ်အပေါ် အရိပ်မဲကြီး ထင်စေတာ ဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ သမိုင်းမှာ ဘယ်လို ရပ်တည်မလဲဆိုတာ အဆုံးအဖြတ်ပေးကြရမယ့် အချိန်ရောက်ပါပြီ။”

“အကြမ်းဖက်မှုကို အဆုံးသတ်ပြီး အရပ်သားတွေကို အကာကွယ်ပေးတာ၊ လူ့အခွင့်အရေးကို စောင့်ရှောက်ကာကွယ်မလား လူသားချင်းစာနာမှု အထောက်အကူကို ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းတွေကို အကူအညီပေးခွင့်ပြုမလား။ ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်မလား၊ လက်ရှိပြဿနာ အဖြေရှာဖို့ ကိုဖီအာနန်အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို လိုက်နာမလား … ဒီအချက်တွေကို ဖေါ်ဆောင်ဖို့ ငြင်းနေမယ်ဆိုရင် မြန်မာနိုင်ငံဟာ လမ်းမှားဘက်မှာ ရပ်တည်တဲ့ နိုင်ငံအဖြစ် သမိုင်းအတင်ခံရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ခဲ့ရင် လုံခြုံရေး ကောင်စီအနေနဲ့ ဆက်လက်အရေးယူဖို့ အဆင်သင့် ဖြစ်ရပါမယ်။”

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကတော့ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှုကျူးလွန်သူတွေကို အရေး ယူဖို့၊ မြန်မာစစ်ဘက်ကို လက်နက်ခဲယမ်း ရောင်းချတာတွေ ရပ်ထားဖို့ တောင်းဆိုသွားပါတယ်။

“လက်ရှိပဋိပက္ခကိုဖြေရှင်းဖို့ အရေးယူဆောင်ရွက်ရမယ့် ခြေလှမ်းတွေက ရှင်းပါတယ်။ ပထမက မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားလိုက်နာရပါမယ်။ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို ချက်ချင်းတာဝန်ကနေရပ်ဆိုင်းပြီး သူတို့ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက်လည်း ဥပဒေအရ သူတို့ကို အရေးယူကြရမှာဖြစ်ပါတယ်။ ဒါအပြင် မြန်မာစစ်တပ်ကို လက်ရှိလက်နက်ရောင်းချနေတဲ့ နိုင်ငံမှန်သမျှလည်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ် အရေးယူမှုတွေ ပြီးစီးတဲ့အထိ လက်နက်ရောင်းချမှုအားလုံးတို့ကို ဆိုင်းငံ့ရပါမယ်။“

ဗြိတိန်နဲ့အမေရိကန်တို့ ပြောသွားတဲ့ထဲမှာ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ မြန်မာအစိုးရပိုင်နဲ့ စစ်ဘက်ပိုင် သတင်းမီဒီယာ တွေကနေ ထုတ်လွှင့် ဖော်ပြနေတာတွေကို ထောက်ပြ ဝေဖန်သွားသလို အဲဒါတွေကို ရပ်ဖို့လဲ တောင်းဆိုသွားပါတယ်။

အစည်းအဝေးတက်ရောက်တဲ့ တရုတ်သံအဖွဲ့ရဲ့ကိုယ်စားလှယ်က ဘင်္ဂလားဒေ့ရှ်က လုပ်ဆောင်နေတာကို ချီးကျူးသွားသလို မြန်မာအစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC အပါအ၀င် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင် နေတာကိုလဲ ကြိုဆိုတယ်လို့ပြောပြီး

“မွတ်စလင် လူဦးရေအများအပြား ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံတာကို စနစ်တကျ ကိုယ်တွယ်ဖြေရှင်းနိုင်ရေး အတွက် ဒီနှစ်နိုင်ငံအကြား ဆွေးနွေးပြောဆိုတာနဲ့ ဆက်သွယ်တာကို နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အားပေး ထောက်ခံသင့် ပါတယ်။”

လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းတာနဲ့ ဆန်းစစ်လေ့လာတဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်းရှိဖို့နဲ့ မျှမျှတတရှိဖို့ သက်ဆိုင်သူ တွေကိုရော ပြင်ပက ပတ်သက်နေသူတွေကိုပါ တောင်းဆိုပါတယ်လို့ ရုရှားသံအမတ်ကြီး Vasily Nebenzya က ရုရှားဘာသာ စကားနဲ့ပြောပြီး အင်္ဂလိပ်ဘာသာနဲ့ စကားပြန်က ပြောပေးပါတယ်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ဝေါဟာရတွေကို သုံးစွဲပြောဆိုတာမှာ သိပ်ကို သတိထားဖို့လိုပါတယ်။ ဒီခက်ခဲပြီး ရှုပ်ထွေးတဲ့ကိစ္စကို အပြန်အလှန်လေးစားမှုပေါ်အခြေခံပြီး ဖြေရှင်းဖို့ ကြိုးစားတာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို လက်တွေ့အကူအညီပေးရေးကိစ္စ အာရုံစိုက်ဖို့လိုပါတယ်။ ဘယ်လို အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆို၊ အခြေအနေကို မီးထိုးပေးမယ့် ဘယ်လိုအပြောအဆိုမျိုးကိုမဆို ဘယ်ဖက်ကမှ မလုပ်အောင် ကျနော်တို့ တားဆီးဖို့လိုပါတယ်။” လို့ ရုရုရှားသံအမတ်ကြီးက ပြောသွားပါတယ်။

ဒီလုံခြုံရေးကောင်စီအစည်းအဝေးကို မြန်မာအစိုးရကိုယ်စား တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက တုံ့ပြန်ပြောဆိုတဲ့ထဲမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ချက်တွေကို နားလည်တဲ့အကြောင်း ဦးစား ပေးပြောသွားပါတယ်။ အဲဒီနောက် ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တခြားလူမျိုးစုတွေ ထိခိုက် သေကျေရတာ တွေကို ထောက်ပြသွားပြီး အကြမ်းဖက်ဝါဒကို ပြစ်တင်ရှုတ်ချသွားပြီးတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကျန်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ပြစ်တင်ရှုတ်ချကြောင်း ပြောဆိုတာကိုလဲ ကြိုဆိုကြောင်း ပြောသွားသလို –

“မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာမရှိဘူး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမရှိဘူးဆိုတာ ကျနော်အလေးထား ပြောလိုပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာတွေဟာ သိပ်ကိုပြင်းထန်တဲ့ စွဲချက်တွေဖြစ်ပြီး ပေါ့ပေါ့တန်တန် မသုံးစွဲသင့်ပါဘူး။ ရခိုင်ပြည်မှာဖြစ်နေတာကို ဥပဒေနဲ့အညီ အရင်သုံးသပ်တာမျိုး၊ တရားရုံးက ဆန်းစစ်လေ့လာတာမျိုးမလုပ်ဘဲ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြီး မိမိတို့ရဲ့အမြင်ကို စိတ်ခံစားချက်က လွှမ်းမိုး စေမယ်ဆိုရင် ဒါဟာ ကျနော်တို့ခေတ်ရဲ့ ၀မ်းနည်းဖွယ်မှတ်ချက်စကား ဖြစ်သွားပါမယ်။”

လူ့အခွင့်အရေးချိုးဖောက်မှုအားလုံး၊ အကြမ်းဖက်လုပ်ရပ်အားလုံးကို ပြစ်တင်ရှုတ်ချကြောင်း၊ စစ်ဆင်ရေးတွေ လုပ်ဆောင်တာမှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လိုက်နာလုပ်ဆောင်ရမယ့် ပြဌာန်းချက်တွေနဲ့အညီ အတိအကျ လိုက်နာလုပ်ဆောင်ဖို့ ညွှန်ကြားထား ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောထားတာကိုလဲ ဦးသောင်းထွန်းက ထပ်ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်ကို အချိန်မရွေး စတင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တဲ့အကြောင်း၊ ဒီကိစ္စမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အရင်က ပူးပေါင်းဆောင်ရွက်ဖူးသလို အခုလဲ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဦးသောင်းထွန်းက အလေးထား ပြောသွားသလို ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည် ဖော်ဖို့လုပ်နေတာကိုလဲ ပြောသွားပါတယ်။

အဆုံးမှာတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ဦးသောင်းထွန်းက အထူးအလေးထား ပြီး ထောက်ပြ ပြောဆိုသွားပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ နုနယ်သေးတဲ့ ဒီမိုကရေစီနိုင်ငံအတွက် အခုလိုအရေးကြီးတဲ့အချိန်မျိုးမှာ ဒီမိုကရေစီ အခိုင်အမာ အမြစ်တွယ်ပြီး ရခိုင်ပြည်နယ်သာမက မြန်မာတနိုင်ငံလုံးကို ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးအောင် တည်ဆောက်တဲ့နေရာ မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ကျနော်တို့နဲ့အတူတကွ ပူးပေါင်းဆောင်လုပ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီနည်းလမ်းသာ လျှင် ရခိုင်ပြည်နယ်က ပြဿနာကို ကျနော်တို့ဖြေရှင်းနိုင်မယ့် တခုတည်းသောနည်းလမ်းဖြစ်ပါတယ်။”

လာမယ့်တနင်္လာနေ့မှာ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကိုယ်တိုင်လေ့လာဖို့ အစိုးရ ကစီစဉ်ထားတာကို ဦးသောင်းထွန်းကပြောသွားသလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ လက်ထောက်အတွင်းရေးမှူးချုပ်တို့ ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်ဖို့လဲ ဖိတ်ကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Masud Bin Momen ရဲ့ ပြောဆိုချက်တွေထဲမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေကို အပြည့်အ၀ အကာအကွယ်ပေးဖို့အတွက် မြန်မာနိုင်ငံထဲမှာ ကုလသမဂ္ဂကကြီးကြပ်တဲ့ ဘေးကင်းလုံခြုံရေးဇုံ သတ်မှတ်ပေးဖို့ ထည့်ပြောသွားပါတယ်။

ဒါ့အပြင် ထွက်ပြေးသွားသူတွေကို ပြန်လည် စိစစ်လက်ခံရေးကိစ္စ ဘင်္ဂလားဒေ့ရှ်ရဲ့သဘောထားကို ပြောသွားတာမှာတော့

“ဒီကိစ္စအတွက် နိုင်ငံတကာလေ့လာသူတွေရှေ့မှာ ပူးတွဲ စိစစ်တာကို ဘင်္ဂလားဒေ့ရှ်က ပိုပြီး လိုလားပါတယ်။ နေအိမ်တွေကနေ ထွက်ပြေးခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ သူတို့ရဲ့မူရင်းနေရာတွေဆီကို ဘေးကင်းစွာ၊ လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်သွားရသင့်ပါတယ်။ ကျနော်တို့ဝန်ကြီးချုပ်က ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ ပြောခဲ့တာကို ဒီနေရာမှာ ကျနော် ပြန်ပြီး ကိုးကားပြောပြချင်ပါတယ်။ ဒီအကျပ်အတည်းဟာ မြန်မာနိုင်ငံမှာ အကြောင်းရင်းခံပြုတာဖြစ်ပြီး ဖြေရှင်းရမယ့်နည်းလမ်း ကိုလဲ မြန်မာနိုင်ငံမှာပဲ ရှာဖွေရမှာပဲဖြစ်ပါတယ်။”

အစည်းအဝေးအတွင်း ပြောသွားကြတဲ့ သံတမန်တွေအကုန်လုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးပြောဆို သွားကြသလို နောက်ထပ်အကူအညီတွေ လိုအပ်နေတာကိုလဲ ထောက်ပြပြောသွားကြပါတယ်။ သံတမန်အားလုံးနီးပါး ဘုံတူညီ စွာပြောသွားတာကတော့ တိုက်ခိုက်တာတွေကိုရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အကန့်အသတ်မရှိ ပေးခွင့်ပြုဖို့နဲ့ အိုးအိမ်စွန့်ထွက်ပြေးသွားသူတွေကို ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ခွင့်ပြုဖို့ ဆိုတာတွေပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့၊ ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ကိုလဲ တိုက်တွန်းသွားပါတယ်။

လုံခြုံရေးကောင်စီရဲ့ အောက်တိုဘာလ အလှည့်ကျဥက္ကဌက ပြင်သစ်နိုင်ငံဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ အလှည့်ကျ ဥက္ကဌတာဝန်စယူတာနဲ့ ရခိုင်အရေး အကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ကို ဖိတ်ခေါ် ပြီး ရခိုင်အရေး ထပ်ပြီး ပြောဆိုမယ့်အကြောင်း ပြင်သစ်သံအမတ်ကြီး François Delattreကလဲ ပြောသွားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲက ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန်၊ အလှည့်ကျအဖွဲ့ဝင်နိုင်ငံ တွေထဲက အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါလ်နဲ့ ဆွီဒင် စုစုပေါင်း ၇ နိုင်ငံက တောင်းဆိုတာကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က မြန်မာနိုင်ငံအခြေအနေကို အခုလို အစီရင်ခံတင်ပြပြီး ဆွေးနွေးကြတာပါ။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်၊ နယ်ခြားစောင့် ရဲကင်းနဲ့ စစ်တပ်စခန်းတွေကို မြန်မာအစိုးရက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားတဲ့ ARSA ရိုဟင်ဂျာအဖွဲ့က တိုက်ခိုက်ပြီး တဲ့နောက်ပိုင်း တပ်မတော်က စစ်ဆင်ရေးတွေလုပ်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် ရာပေါင်းများစွာသောလူတွေ သေဆုံးတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေ ထွက်လာတာ စတဲ့ အခြေအနေတွေနဲ့အတူ နိုင်ငံတကာက ဝေဖန်ပြောဆိုတာ တွေ မြင့်တက်နေချိန်မှာပဲ အခုလို လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးကြတာဖြစ်ပါတယ်။

Source : https://burmese.voanews.com

လူမျိုးအမည် မပါဝင်လို့ မှတ်ပုံတင်ဖို့ ဒုက္ခသည်များ ငြင်းဆန်

ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် နေရပ်က စွန့်ခွာထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာခဲ့ကြသူတွေကို တာဝန်ရှိသူတွေက မှတ်ပုံတင်စာရင်းသွင်းရေးလုပ်ငန်း ဆောင်ရွက်တဲ့အခါ လူမျိုးအမည် မပါဝင်တာနဲ့ ပတ်သက်ပြီး ဒုက္ခသည်တချို့က မှတ်ပုံတင်ဖို့ လက်မခံ ငြင်းဆန်ခဲ့ကြတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးတဲ့အခါ ကဒ်ပြားပေါ်က နိုင်ငံသားအဖြစ် ဖြည့်စွက်ရမည့်နေရာသာပါပြီး လူမျိုးအဖြစ် ဖြည့်စွက်ရမယ့်နေရာ မပါဝင်တဲ့အတွက် မှတ်ပုံတင်ဖို့ ငြင်းဆိုခဲ့ကြတာလို့ သိရပါတယ်။

အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၅ သိန်းနီးပါးကို မှတ်ပုံတင်ကိစ္စ ဆောင်ရွက်ပေးနေရာမှာ အခုထိ မှတ်ပုံတင်ပြီးသူ နှစ်သောင်းလေးထောင်လောက် ရှိတယ်လို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကဒ်ပြားရဲ့ လူမျိုးနေရာမှာ မြန်မာနိုင်ငံသားအဖြစ်ဖေါ်ပြဖို့ ဘင်္ဂလာေးဒ့ရှ် အစိုးရ က ဆုံးဖြတ်ထားပေမယ့် ဒုက္ခသည်တချို့က နိုင်ငံသားဆိုတာထက် ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်း စေချင်ကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးကတော့ ဒုက္ခသည်ကဒ်ပြားမှာ လူမျိုးအမည် မထည့်သွင်းတာဟာ နိုင်ငံတကာစံနှုန်းနဲ့အညီဖြစ်အောင် အစိုးရက ဆောင်ရွက်ထားတာဖြစ်ကြောင်းပြောပါတယ်။

Source : RFA Burmese