civil Rights Movenment
အဖွဲ့ ၏
– ရည်ရွယ်ချက်
– ရည်မှန်းချက်
– လုပ်ဆောင်မှု
ရည်မှန်းချက်
လူသားအချင်းချင်း အပြန်အလှန် လေးစားချစ်ခင် အသိအမှတ်ပြုသော ယဉ်ကျေးမှုများ ထွန်းကားလာရန်-လူသားတို့၏ လူ့တန်ဘိုး အရင်းအမြစ်တို့အား လူသားချင်း နားလည်လက်ခံစေရန်-သာယာအေးချမ်းသော လူ့အသိုင်းအဝိုင်း၊ မြို့ ၊ နိုင်ငံတစ်ခု အဖြစ် ထူထောင်စေလိုသော မျိုးဆက်သစ်များ ပေါ်ထွန်းလာရန်-
ရည်ရွယ်ချက်
(၁) မြန်မာနိုင်ငံအတွင်း လူသားချင်း မျိုးနွယ်နည်းများ မဟူ၊ ကိုးကွယ်ယုံကြည်မှု ခွဲ၊ အသားရောင် လိင် မခြား တန်းတူညီမျှ အခွင့်အရေး ရစေရမည်။
(၂) မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လူမျိုးတုံးသုတ်သင်မှု ဘာသာရေးခွဲခြား ဆက်ဆံမှုတို့အား ရပ်တန်းက ရပ်သွားစေရန် တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားမည်။
(၃) မြန်မာပြည်ဘွား (ပြည်တွင်း၊ ပြည်ပ) မျိုးဆက်တို့အား လူမျိုးတုံး သုတ်သင်မှု၏ အကျိုးဆက်ဆိုးတို့အား နားလည် သဘောပေါက်စေရန် ပညာပေး အစီအစဉ်များ ပြုလုပ်သွားမည်။
(၄) သမိုင်းဖျောက် လူမျိုးတုံးသုတ်သင်ခံနေရသော လူမျိုးစု (အထူးသဖြင့် ယခု အချိန်တွင် ရိုဟင်ဂျာ လူမျိုးစု)တို့ အတွက် –
(က) ၎င်းတို့အား စိတ်အား မငယ်ရစေရန် စိတ်ဓါတ်အားပေးစာများ ဟောပြောခြင်း-
(ခ) ၎င်းတို့ ရင်ဆိုင်နေရသော လူမျိုးတုံးသုတ်သင်မှုအား ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့ သြဇာရှိသော နိုင်ငံများ၊ ကမ္ဘာ့အတိုင်းအတာဖြင့် လုပ်ဆောင်နေသော အခွင့်အရေး အဖွဲ့များ၊ လူမျိုးတုံးသတ်ဖြတ်ခြင်းတွင် ကာကွယ်တားဆီးသော ပညာရှင်များ ဖြင့် ပူးပေါင်းလျှက်- လူမျိုးတုံးသုတ်သင်မှု၊ လူမျိုးဖျောက်မှုတို့မှ ကာကွယ်နိုင်အောင် ဆောင်ရွက်သွားမည်။
လုပ်ဆောင်မှု
ကျွနု်ပ်တို့သည် တတ်သိပညာရှင်များ၊ ဥပဒေပညာရှင်များနှင့် ကမ္ဘာ့ လူ့အခွင့်အရေးတို့အား ဆောင်ရွက်နေသော အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိသည်။

CRM TEAMS

HTAY LWIN OO
"Head "
314 SOUTH ST
UTICA, NY 13501. USA.
kohtaylwin@yahoo.com

SMAR NYI NYI
"Regional Head"

NIZAM
"Regional Head"
THAILAND
Contact
Get In Touch
314 SOUTH ST
UTICA, NY 13501. USA.
kohtaylwin@yahoo.com